
မံထုံရဲကင်းစခန်းနှင့် နမ့်မွန်းမြို့ရှိ စစ်ကောင်စီ၏ စခန်း ၂ခုကို KIA ဝင်တိုက်။ ၂၀၂၁ ၊ မေလ ၃၀ ရက်။ မေလ ၃၀ ရက်နေ့ ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင်တွင် စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက် မြို့နယ်ရှိ မံထုံ ရဲကင်းစခန်းအား KIA တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းဂိုဒေါင်များကိုလည်း KIA က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကချင် မီဒီယာများ၌ ဖော်ပြပါသည်။ ထို့အတူ ယနေ့နံနက် အစောပိုင်းက ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသ နန့်မွန်းမြို့အတွင်းရှိ (ရဲ + ပြည်သူ့စစ်)စခန်းနှင့် တောင်ထိပ်ကင်းစခန်း ၂ခုတို့ကို KIA တပ်မဟာ ၉ လက်အောက် တပ်ရင်းက ဝင်တိုက်ခဲ့ကြောင်းလည်း သိရသည်။ နန့်မွန်း စခန်းအတွင်း ရဲ နဲ့ စစ်သားများ တပ်ချထားတာဖြစ်ပြီး KIA တို့ရဲ့ ရှောင်တခင် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် နှစ်နာရီကြာမျှ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်သား နဲ့ ရဲ အမြောက်အမြား ကျဆုံးကာ စခန်းကို KIA တို့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါသည်။ မိုးညှင်းမြို့နှင့် ၁၈ မိုင်အကွာတွင်ရှိသော နမ့်မွန်းကျေးရွာတွင် အိမ်ခြေ ၂၀၀၀ ကျော်ခန့်ရှိကာ ရှမ်းနှင့် ကချင်လူမျိုးများ အများဆုံးနေထိုင်ကြသည်။ စစ်ကောင်စီဘက်ကလည်း ပြည်သူ့စစ်အဖွဲ့ကို လော့ခွမ်တောင်ပေါ်မှ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူများအား နံနက် ၆ နာရီခန့်တွင် ကား ၂ စီးဖြင့် ဟိုပင်မြို့သို့သယ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။ Media 9 ဓာတ်ပုံအဟောင်းကို အသုံးပြုထားပါသည်။ Source - Myu Tsaw Kasa၊ 7stars News၊ Kachinwaves၊ The 74 Media Credit: