No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ထားဝယ်မြို့က လူငယ်တွေ ဒီနေ့ မေလ ၃၀ ရက် နေ့လည်ပိုင်းမှာ ပြုလုပ်သွားတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ဖြစ်ပါတယ်။ ထားဝယ်မှာ ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးတာတွေ ရှိနေချိန်မှာ လူငယ်တွေက မိုးသည်းကြားမှာ အခုလို ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ မနေ့ မေလ ၂၉ ရက်တုန်းကလည်း သပိတ်မှာ ဦးဆောင်သူကို စုံစမ်းတယ်ဆိုပြီး အရပ်ဝတ်တွေက ဆန္ဒဖော်ထုတ်ပွဲတွေမှာ ဝန်းရံတဲ့လူငယ်တချို့အပါအဝင် လူ ၁၀ ဦး ကျော်ကို လိပ်စာအတိအကျ စာရင်းနဲ့အဖမ်းအဆီးတွေ လုပ်ခဲ့တယ်လို့ ဖမ်းဆီးချိန်ထွက်ပြေးခဲ့ရတဲ့လူငယ်တစ်ဦးက ပြောထားပါတယ်။ ဓာတ်ပုံ- CJ/NCA Credit: