
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေ ဆက်ဆွေးနွေးနိုင်ဖို့၊ အဲဒီလုပ်ငန်းစဉ်တွေ ချောမွေ့အောင်ဆောင်ရွက်နိုင်ဖို့ အပစ်ရပ်ကာလကို ဇွန်တစ်လလုံး ထပ်တိုးလိုက်တယ်ဆိုပြီး တပ်ဘက်ကသတင်းထုတ်ပြန်လာပါတယ်။ အခုလို အပစ်ရပ်ကာလ ထပ်တိုးလိုက်တာဟာ အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်မှာ ပြန်ဖွင့်မှာဖြစ်လို့ ကျောင်းသူကျောင်းသားတွေ အေးအေးချမ်းချမ်း ပညာသင်နိုင်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့ပြင် နိုင်ငံလုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တယားတွေကို နှောက်ယှက်တိုက်ခိုက်ချိန်မှအပ တပ်ရဲ့စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို အချိန်တစ်လ ရပ်ဆိုင်းမယ်လို့ဆိုပါတယ်။ ဒီသတင်းအပြည့်အစုံအပြင် ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-57242648 ပုံစာ- နေပြည်တော်မှာကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံတက် တပ်မတော်သားတွေ ဓာတ်ပုံ - AFP Credit: