
စစ်ကောင်စီကအတည်ပြုဖွဲ့စည်းလိုက်တဲ့ဂီတအစည်းအရုံးမှာ နာမည်ပါဝင်လာတဲ့အနုပညာရှင်တွေချက်ချင်းနှုတ်ထွက် ! မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ယာယီ အလုပ်အမှုဆောင်အဖွဲ့မှာ နာမည်ပါဝင်နေတဲ့ အဆိုတော် မနော၊ ညီမင်းခိုင်နဲ့ ဝေကြီးတို့ စစ်ကောင်စီရဲ့ ဂီတအစည်း အရုံးမှနှုတ်ထွက် အဆိုတော်ကိုင်ဇာကို ဥက္ကဌနေရာမှာထားပြီး စစ်ကောင်စီက အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ယာယီအလုပ်အမှုဆောင်အဖွဲ့ဆိုပြီး ဖွဲ့စည်းခဲ့ရာမှာ လူငယ်ကြိုက်အဆိုတော်တွေနဲ့ နာမည်ကျော်ဂီတပညာရှင်တွေနဲ့ အတော်များများပါဝင် နေခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အနုပညာရှင်အချို့က ဒီနေ့မနက်မှ အသိတွေက လာပြောလို့သိခဲ့ရတယ်လို့ သူတို့ရဲ့ကိုယ်ပိုင် ဖေ့ဘွတ်စာမျက်နှာပေါ်မှာရေးသားဖြေရှင်းခဲ့ကြပြီး အဲဒီအဖွဲ့မှာ မလုပ်နိုင်တာကြောင့် မေတ္တာရပ်ခံစာတွေတင်ပြီး အကြောင်းကြားခဲ့ကြတယ်လို့သိရပါတယ်။ အဲဒီထဲမှာ နာမည်ပါဝင်နေခဲ့တဲ့ ကျေးလတ်အဆိုတော် “မနော” ကတော့ သူရဲ့နာမည်ပါလာတာကို ဒီမနက်မှသိခဲ့ရတယ် သိသိချင်းပဲ မေတ္တာရပ်ခံစာပို့ပြီး နှုတ်ထွက်ခဲ့တယ်လို့ဆိုပါတယ်။ အဆိုတော်ညီမင်းခိုင်ကလည်းသူ့ရဲ့ဖေ့ဘွတ်မှာ "ကိုယ့်ချစ်သူတောင် မစည်းရုံးနိုင်တာဗျာ၊ လူကြမင်းများအားလုံး နားလည်ပေးကြပါ။ လေးစားစွာဖြင့် နှုတ်ထွက်အပ်ပါသည်" လို့ ကပ်ရှင်တင်ပြီး နှုတ်ထွက်စာရေးသားထားပါတယ်။ နာမည်ကျော်အဆိုတော် ဝေကြီးကလည်း စစ်ကောင်စီကတိတ်တဆိတ်ဖွဲ့စည်းလိုက်တဲ့ အဲဒီအဖွဲ့အစည်းထဲမှာ ပါဝင်ခဲ့ခြင်း လုံးဝမရှိကြောင်း ရေးသားထားပါတယ်။ #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #WinHtetMML Credit: