ကိုဘွန်ဆိပ်ကမ်းအနီး မီးလောင်ကျွမ်းခဲ့တဲ့ စင်္ကာပူနိုင်ငံပိုင် MV-XPress Pearl ကုန်တင်သင်္ဘောကြီးကနေ ပင်လယ်ထဲယိုဖိတ်ကျလာတဲ့ ကော်စေ့နဲ့ဓာတ်တုပစ္စည်းအမြောက်အများဟာ လှိုင်းရိုက်ခတ်မှုကြောင့် ကိုဘွန်ဆိပ်ကမ်းက သဲတွေကို ဖုံးလွှမ်းသွားစေခဲ့ပါတယ်။ အဲဒီသင်္ဘောကနေ ယိုဖိတ်ကျခဲ့တဲ့ ဓာတုပစ္စည်းတွေဟာ သဘာဝပတ်ဝန်းကျင်ကိုလွန်စွာထိခိုက်နိုင်တာကြောင့် သီရိလင်္ကာအာဏာပိုင်တွေနဲ့ ရေတပ်နဲ့ဆက်စပ်တဲ့ အေဂျင်စီတွေက သင်္ဘောကိုကမ်းလွန်တစ်နေရာကို ဆွဲထုတ်ရန် ကြိုးစားနေပေမယ့် တန်ချိန်ပေါင်း ၃၅၀ ကျော် လောင်ကျွမ်းသွားခဲ့ရတဲ့ သင်္ဘောရဲ့ အပိုင်းအစအချို့ဟာ ပင်လယ်ထဲ နစ်မြုပ်နေပြီဖြစ်တာကြောင့် လက်ရှိမှာ လောင်စာဆီယိုစိမ့်တဲ့ ပြဿနာနဲ့ပါ ထပ်မံရင်ဆိုင်နေရတယ်လို့သိရပါတယ်။ သင်္ဘောနစ်မြုပ်ခဲ့တဲ့နေရာမှာ ရာသီဥတုကြမ်းတမ်းနေတာကြောင့်လည်း သင်္ဘောကြီးကိုအခြားတစ်နေ့ရာကိုရွေ့ ဖို့အရမ်းခက်ခဲနေတယ်လို့သိရပါတယ်။ စင်္ကာပူနိုင်ငံပိုင် MV-XPress Pearl ကုန်တင်သင်္ဘောကြီးဟာ ကွန်တိန်နာပုံးပေါင်း ၈၁ ပုံးသယ်ဆောင်လာတာဖြစ်ပြီး အဲဒီကွန်တိန်နာပုံးအများစုမှာပါရှိတဲ့ ပစ္စည်းတွေတာ ခဲ၊ သတ္တု၊ လောင်ဆာ နဲ့အခြား ဓာတုပစ္စည်းတွေဖြစ်တယ်လို့သိရပါတယ်။ ကနဦးသတင်းအရ သင်္ဘောကိုမောင်းနှင်တဲ့ သင်္ဘောသား ၂၅ ဦးကို ပတ်စပို့ပိတ်သိမ်းခဲ့ပြီး အဲဒီရေပိုင်နက် အတွင်းထပ်မောင်းနှင်ခွင့်လိုင်စင်တွေကို ရုတ်သိမ်းခဲ့တယ်လို့သိရပါတယ်။ သီရီလင်္ကာမှာနစ်မြုပ်သွားတဲ့ကုန်တင်သင်္ဘောကြီးကိုဦးဆောင်နေတဲ့ကုမ္ပဏီရဲ့တာဝန်ရှိသူ Shmuel Yoskovitz ကတော့ Channel News Asia ကို “အရင်ဆုံးအနေနဲ့ သီရီလင်္ကာနိုင်ငံသားတွေကို ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကျွန်တော်အလွန်ဝမ်းနည်းမိကြောင်းပြောပါရစေ သီရီလင်္ကာနိုင်ငံရဲ့ အလွန်လှပတဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေခဲ့ တာကြောင့်လည်း စိတ်မကောင်းဖြစ်ရပါတယ်” လို့ပြောဆိုခဲ့ပါတယ်။ Ref: - https://www.barrons.com/.../international-experts... - https://www.bangkokpost.com/.../international-experts... - https://www.dailytelegraph.com.au/.../05ba3fb502f5e4d1088... - https://www.ntnews.com.au/.../05ba3fb502f5e4d1088310c0369... - https://foxnewsupdates.com/.../international-experts.../ #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #WinHtetMML Credit:
