No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဇွန်လ ၆ ရက် ညနေ ၄ နာရီ နောက်ဆုံးရသတင်း ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးတိုက်နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူတွေ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ပစ်ခတ်မှုဖြစ်ပွားတဲ့ ရွာအပါဝင် ကျေးရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ ၂၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၄ လကျော်အတွင်း စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၈၄၇ ယောက်ထိ ရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(‌အေအေပီပီ)က သ တင်းထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ NLDပါတီအလုပ်အမှုဆောင် ၃ဦးနဲ့ အရပ်သား၂ဦးကို ဇွန်လ၅ရက်နေ့ည၉နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံမြို့ခံတွေကပြောပါတယ်။ DVB#TV#News#WhatsHappeningInMyanmar Credit: