No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"စုပေါင်းသပိတ်စစ်ကြောင်းတွေ၊ အဖွဲ့စုံစစ်ကြောင်းအသီးသီးတွေနဲ့ မန္တလေးက စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး သပိတ်စစ်ကြောင်းများ" မန္တလေး - ၂၀၂၁ ဇွန် ၆ (မော်ကွန်း) စစ်တပ်အာဏာသိမ်းမှု ရက်ပေါင်း ၁၂၆ ရက်မြောက်လာတဲ့ ဒီကနေ့ မန္တလေးမြို့မှာတော့ သပိတ်စစ်ကြောင်းတွေစုပေါင်းထားတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းအပြင် အခြားသပိတ်စစ်ကြောင်းတွေကလည်း မြို့နေရာအနှံ့ကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ချောင်းမြောင်း လိုက်လံဖမ်းဆီးမှု မကြာခဏ ခံရလေ့ရှိတဲ့ စိန်ပန်းနယ်က စိန်ပန်းမြေသပိတ်စစ်ကြောင်း နဲ့ မြို့သိမ်းသပိတ်စစ်ကြောင်းတို့ဟာ စစ်အာဏာရှင်ကျဆုံး​ရေး ပူးပေါင်းချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ တမ္ပဝတီ လူထုသပိတ်စစ်ကြောင်း၊ အောင်ပင်လယ်ပင်မသပိတ်စစ်ကြောင်း၊ သမဝါယမတက္ကသိုလ် ကျောင်းသား ကျောင်းသူများ သပိတ်စစ်ကြောင်းစတဲ့ အဖွဲ့စုံပေါင်းစုထားတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း မြို့တွင်းမှာ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလာတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်​ကြောင်းကတော့ မြို့တွင်းအခြားနေရာတစ်ခုမှာ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အောင်မြေသာစံပညာရေး ကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းက လူငယ်တွေကတော့ မန္တလေးမြို့တွင်း ၃၈လမ်းက စစ်တပ်အနီးထိ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံများ - RDM Credit: