No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"စုပေါင်း မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းနဲ့ အောင်မြေသာစံမြို့နယ်ပညာရေးသပိတ်စစ်ကြောင်းများ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင် ဆန္ဒပြ" မန္တလေး - ၂၀၂၁ ဇွန် ၇ (မော်ကွန်း) မန္တလေးမြို့က သပိတ်စစ်ကြောင်းတွေ စုပေါင်းထားတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းနဲ့ အောင်မြေသာစံမြို့နယ်ပညာရေးသပိတ်စစ်ကြောင်းများဟာ ဒီကနေ့ နံနက်ခင်းမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆရာတော်သံဃာတော်တွေပါဝင်တဲ့ ဘုရားကြီး ငြိမ်းချမ်းရေး သပိတ်စစ်ကြောင်း၊ စက်မှုစုပေါင်းသပိတ်စစ်ကြောင်း၊ ချမ်းမြသာစည်မြို့နယ် ကျောင်းသားများ သပိတ်စစ်ကြောင်း၊ တမ္ပဝတီ လူထုသပိတ်စစ်ကြောင်း၊ သမဝါယမတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း၊ မန္တလာတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်​ကြောင်း၊ အ.ထ.က ၂၄ ကျောင်းသားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂအဖွဲ့ စတဲ့ သပိတ်စစ်ကြောင်းတွေ အသီးသီးစုပေါင်းထားတဲ့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ မနက်ခင်းစောစောမှာပဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် ဆန္ဒပြခဲ့ကြပါတယ်။ လူငယ်နဲ့ လူလတ်ပိုင်းတွေ ပါဝင်တဲ့ အောင်မြေသာစံမြို့နယ် ပညာရေးသပိတ်စစ်ကြောင်းကတော့ မန္တလေးမြို့ရဲ့ အဓိကကျတဲ့ လမ်းမကြီးတွေနဲ့ တပ်စွဲထားတဲ့နေရာနားအထိ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့အတူ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေဟာ လှည့်လည်စစ်ဆေးနေကြပေမယ့် ပြည်သူ့သပိတ်စစ်ကြောင်းတွေကတော့ နေရာအနှံ့ကနေ ထွက်ပေါ်လာနေကြဆဲပဲဖြစ်ပါတယ်။ ဓာတ်ပုံ - RDM Credit: