No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အာဏာသိမ်းပြီး နောက်တစ်ရက် တပ်ချုပ်သွားရောက် ဖူးမျှော်ခဲ့သည့် ဆရာတော် စစ်လေယာဥ်ပျက်ကျမှုတွင် ပျံလွန်တော်မူ (၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်) ယနေ့ နံနက် ၈ နာရီ အချိန်ခန့်တွင် နေပြည် တော်လေဆိပ်မှ ထွက်ခွာလာသော စစ်တပ်ပိုင်လေယာဥ်သည် မေမြို့ အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် ပျက်ကျကြောင်း စစ်တပ်က တရားဝင်အတည်ပြု ပြောကြားသည်။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု ကျောက်ဖျာဒိုးကျေးရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာမစျေးကုန်း ပရိယတ္တိစာသင်တိုက် ပန္ဒက်တင် အခမ်းအနားပြုလုပ်ရန်အတွက် စျေးကုန်းဆရာတော်နှင့် နောက်လိုက် အပေါင်းအပါ သံဃာ၊ စစ်တပ်အရာရှိတချို့၊ အလှူရှင်များ စစ်တပ်လေယာဉ်တွင် လိုက်ပါလာကြောင်းသိရပြီး စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။ သေဆုံးသူ စာရင်းမှာ ၁။ ဗိုလ်မှူး မိုးထက်ကျော် DSA 42 ၂။ ဗိုလ်ကြီး မြင့်စိုး DSA 56 ၃။ မှူး ဇော်ထူး DSA 47 ၄။ ဗိုလ်ကြီး စိုးဟိန်းထက် DSTA 17 ၅။ တပ်ကြပ် လမင်းဝင်းသိန်း ၆။ တပ်ကြပ်ကြီး ကောင်းစံဝင်း ၇။ ဆရာတော် ဘဒ္ဒန္တ ကဝိသာရ ၈။ ဆရာတော် တေဇောဘာသ ၉။ ကုန်းဘောင် ပထမံနဝင်း ဦးအောင် ၁၀။ ဒေါ်ဌေးဌေးခိုင် ၁၁။ ဒေါ်လဲ့လဲ့ဝင်း ၁၂။ ဦးမြဖူး ၁၃။ မောင်ခန့်ဝင်းကို ဟုသိရသော်လည်း Media 9 အနေဖြင့် သီးခြားအတည်ပြု၍ မရသေးပါ။ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းပြီး နောက်တစ်နေ့ (ဖေဖေါ်ဝါရီ ၂ ရက်နေ့) ညနေပိုင်းတွင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ် ဇော်မျိုးတင် တို့နှင့်အတူ ဆရာတော် ဘဒ္ဒန္တ ကဝိသာရ အား နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ဈေးကုန်းကျောင်းတိုက်၌ သွားရောက်ဖူးမြော် ကြည်ညိုကာ ဆုံးမဩဝါဒများ နာယူခဲ့ဖူးကြောင်းလည်း သိရပါသည်။ Media 9 Photo - Credit to original uploader Credit: