No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဆိုင်ကယ်စီးနင်းခွင့်ရရှိရေး လှုပ်ရှားမှု ရန်ကုန်တွင်ပြုလုပ် ရန်ကုန်မြို့တွင် ဆိုင်ကယ်စီးနင်းခွင့်ရရှိရေးအတွက် တောင်းဆိုလှုပ်ရှားမှု တစ်ခုကို ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံ ရှေ့တွင်ပြုလုပ်ခဲ့ကြသည်။ ဆိုင်ကယ်စီးနင်းခွင့်ရရှိရေးလှုပ်ရှားသူများအဖွဲ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လှုပ်ရှားမှုအဖြစ် ဆိုင်ကယ်ဦးထုပ်များ ဆောင်းကာ mask များဝေဌခြင်းများပြုလုပ်ခဲ့သည်။ ယင်းအစီအစဥ်များကို ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ထပ်မံ ပြုလုပ်သွားမည်ဖြစ်ပြီး တောင်ဆိုလှုပ်ရှားမှု အဖြစ် စုပေါင်းဆိုင်ကယ်စီးခြင်းများကိုလည်း ပြုလုပ်သွားရန် စီစဥ်လျက်ရှိကြောင်းသိရသည်။ ဓာတ်ပုံ-မျိုးကျော်စိုး Credit