No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

📍တောင်ကိုရီးယား ဂွမ်ဂျူမြို့ အဆောက်အဦ ပြိုကျမှု ဖြစ်ပွားရာ လူ ၁၀ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်🚨🚨 တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း၌ အဆောက်အဦ ပြိုကျမှု ဖြစ်ပွားရာ လူ ၁၀ ဦးထက်မနည်း သေဆုံးသွားပြီး အခြားလူ ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ နိုင်ငံအနောက်တောင်ပိုင်းရှိ Gwangju မြို့ အထပ်ငါးထပ်ရှိသော အဆောက်အဦအား ဖြိုဖျက်နေစဉ် ဇွန် ၉ ရက် ညနေပိုင်းတွင် ရုတ်တရက် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း နှင့် ယင်းပြိုကျမှုအား မီးသတ်တာဝန်ရှိသူများထံ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၂ မိနစ်(ဂရင်းနစ်စံတော်ချိန် ၀၇၂၂)တွင် အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီး ကားမှတ်တိုင်တွင် ရပ်တန့်ထားသော ဘတ်စ်ကားတစ်စီးသည် အပျက်အစီးပုံအောက် ဖုံးလွှမ်း ရောက်ရှိသွားကြောင်း ၊ သေဆုံးသူ ၁၀ ဦး နှင့် အခြား ဒဏ်ရာရရှိသူ ၈ ဦးအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရပါတယ်။ ကယ်ဆယ်ရေးသမားများသည် လူ ၁၈ ဦးအား ကယ်တင်နိုင်ခဲ့ပြီး အများစုမှာ အပျက်အစီးအောက်ရှိ ဘတ်စ်ကားပေါ်မှ ဖြစ်ကြောင်း နှင့် ပိတ်မိနေနိုင်သည့် လမ်းလျောက်သွားသူ သို့မဟုတ် ဆောက်လုပ်ရေးအလုပ်သမားများအား ဆက်လက်ရှာဖွေလျက် ရှိကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ နှင့် မီးသတ်တာဝန်ရှိသူများသည် မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းအတိအကျအား စုံစမ်းစစ်ဆေးလျက် ရှိနေကြောင်း သိရပါတယ်။ ■ 광주 건물 붕괴로 18명 사상…합동 감식 통해 원인 규명 주력 ■ 광주서 5층 건물 붕괴해 시내버스 덮쳐…10명 사망 - #Gwangju #SaveGwangju #KoreaNews #광주건물붕괴 #AsiaPeopleMyanmar credit Asia People Myanmar page Credit: