No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရှို့မီးကြောင့် အလုံရှိ အီဒ်ဂါဗလီမီးလောင် ရန်ကုန်- ၂၀၂၁ ဇွန် ၂၁ (မော်ကွန်း) ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမဘေး၊ သစ်တောကားမှတ်တိုင် အနီးရှိ အီဒ်ဂါ ဗလီဝတ်ကျောင်းတော်ဟာ ဒီနေ့ နံနက် ၂ နာရီမှာ အမည်မသိသူ တချို့ရဲ့ မီးရှို့မှုကြောင့် လောင်ကျွမ်းပျက်စီးသွားတယ်လို့ အနီးမှာ နေထိုင်သူတွေက ပြောပါတယ်။ ဗလီမီးလောင်ပျက်စီးပြီးနောက် စစ်ကောင်စီရဲ့ အာဏာပိုင်တွေက အဲဒီကျောင်းက ဘုရားဝတ်ပြုချိန်တွေကို နှိုးဆော်တဲ့ နိဗ္ဗာန်ဆော် (မော်ဇင်) တစ်ဦးကို ခေါ်ဆောင်သွားတယ်လို့ အနီးမှာနေထိုင်သူတွေက နေ့လယ်ပိုင်းမှာတွေ့တုန်းက ပြောပါတယ်။ ဓါတ်ပုံ- မော်ကွန်း Credit: