
မယ်ဟောင်ဆောင်မြို့နယ်မှာ တရားမဝင်တယ်လိုဖုန်းကောလ်စင်တာဖွင့်တဲ့ မြန်မာ ၁၂ ဦးပါဝင်တဲ့အဖွဲ့ကို ထိုင်းမြောက်ပိုင်းအာဏာပိုင်တွေက စစ်ဆေးဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ . မယ်ဟောင်ဆောင်မြို့ပြင် မောက်စံပယ်ကျေးရွာအုပ်စု ရတ်ထိုင်းကျေးရွာရှိ Resort တစ်ခုထဲမှာ မြန်မာနိုင်ငံသား ၁၂ ဦးအပါအဝင် တရုတ်နဲ့ ဖိလစ်ပိုင်တို့ ပါတဲ့ နိုင်ငံခြားသား စုစုပေါင်း ၅၃ ဦးက အဆိုပါ Resort တစ်ခုလုံးကို ငှါးရမ်းထားပြီး ဟိုတယ်ထဲကိုလည်း အပြင်လူပေး မဝင်ကြောင်းသိရပါတယ်။ . မယ်ဟောင်ဆောင်ခရိုင် အထူးစုံစမ်းစစ်ဆေး ရေးတပ်ဖွဲ့ဟာ သူတို့ကိုဖမ်းဆီးနိုင်ဖို့ အဆိုပါ Resort ကို ၁ လကြာ စုံစမ်း ထောက်လှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒုဦးစီးချုပ် ဗိုလ်မှူးကြီး ကျီရဖုပ်ဖူရီတေခ်ျက မနေ့က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ . Resort ခြံဝင်းထဲရှိ နေရာ ၆ နေရာကနေ တရားမဝင် ဝင်ရောက်နေထိုင်သူ တရုတ် ၄၀ ဦး၊ မြန်မာ ၁၂ ဦးနဲ့ ဖိလစ်ပိုင် ၁ ဦးစုစုပေါင်း နိုင်ငံခြားသား ၅၃ ဦး တို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ . တယ်လီဖုန်းကိုယ်စီ တပြိုင်နက် အသုံးပြုကာ တာဝန်ခွဲဝေမှုရှိကြောင်း၊ တရုတ်နိုင်ငံကူးလက်မှတ်အတုပြုလုပ်တာ၊ တယ်လီဖုန်း ကောလ်စင်တာဖွင့်ပြီး ပရိုဖိုင်းအတုနဲ့ ဒစ်ဂျစ်တယ်လ်စနစ် ငွေရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်လိမ်လည်နေကြတာလို့ဆိုပါတယ်။ အလိမ်ခံရသူတွေကတော့ အထူးသဖြင့် တရုတ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ . ဒါကြောင့် အထူးစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ၊ အုပ်ချုပ်ရေးဌာန၊ နယ်မြေရဲစခန်းနဲ့ လဝက ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ပူးပေါင်းအဖွဲ့ဟာ အဆိုပါ Resort ကို ဇွန်လ ၂၀ ရက်နေ့က သွားရောက် စစ်ဆေးခဲ့ကြပါတယ်။ သူတို့အားလုံးကို တရားမဝင်နိုင်ငံထဲဝင်ရောက်မှု၊ ကိုဗစ်-၁၉ ဥပဒေ ချိုးဖောက်မှု၊ ခွင့်ပြုချက်မရဘဲ ကောလ်စင်တာတည်ထောင်မှု၊ စာရွက်စာတမ်းတုပမှု၊ လိမ်လည်မှု တွေနဲ့ အရေးယူသွားဖို့ စီစဉ်နေပါတယ်။ . သတင်း ကိုချစ် ဇွဲကပင်မြေ ဇွန်လ ၂၂ ရက်နေ့ ၂၀၂၁ ကိုးကား - DVB TV News . #Myanmarlive(Thailand) #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #PostbyKoChit #BKK #Covid19TH Credit: