NUGအစိုးရကို ကိုးရီးယားနိုင်ငံမှ အသိအမှတ်ပြုဖို့ ကမ်ပိန်းလက်မှတ်ထိုးပွဲတခုကို ပြုလုပ်ပေးရန် ကိုးရီးယားရောက်လူငယ်များတိုက်တွန်းထား။ ၂၀၂၁ခုနှစ်၊ဇူလိုင်၂၉ရက်။ ကိုရီးယားနိုင်ငံ၏ ဥပဒေတခုအရ NUGအစိုးရကို ကိုးရီယားအစိုးရမှ တရားဝင် အသိအမှတ်ပြုနိုင်ရေး အတွက် ကိုးရီးယားရောက်လူငယ်များက စတင် တိုက်တွန်းထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံက အနုပညာရှင်များစွာလည်း အဆိုပါ ပုံ စာကို ပြန်လည်ဝေမျှထားကြတာကိုလည်းတွေ့ရှိရပါသည်။ အဆိုပါ လက်မှတ်ရေးထိုးအဆိုပြုလွာတင်သွင်းခြင်း နည်းအဆင့်ဆင့် မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ကိုရီးယား နိုင်ငံရဲ့ ဥပဒေမှာ ဂုမင်းချော(င်)ဝေါန်(국민청원)ဆိုတဲ့ ဥပဒေ တစ်ခု ပြဌာန်းထားပါတယ်။ ပြည်သူက သူတို့ လိုချင်တဲ့ အဆို တစ်ခုကို တင်သွင်းပြီး တစ်လအတွင်း ထောက်ခံသူ ၂သိန်း ပြည့်ရင် ဒါကို နိုင်ငံကနေ ဒီ အဆိုကို နားထောင်ပေးပြီး ပြန်တုန့်ပြန်ပေးတဲ့ ဥပဒေပါ။ အခု ဒီ ဥပဒေနဲ့ မြန်မာနိုင်ငံ အရေးအတွက် အဆို တင်သွင်းထားပါတယ်။ တောင်းဆိုသူ ၂သိန်း ပြည့်ရင် ကိုရီးယား အစိုးရကနေ နားထောင်ပြီး တုန့်ပြန်မှု ပေးမယ်။ မပြည့်ရင်တော့ မပေးပါဘူး။ NUGကို အသိအမှတ်ပြုရေး ကိုရီးယားနိုင်ငံ သမ္မတရုံးကို တင်ထားတာပါ။ ၇လပိုင်း ၅ရက်နေ့မှ ၈လပိုင်း ၄ရက်နေ့အထိ ၂သိန်းပြည့်ရင် သမ္မတရုံးက ကော်မတီဖွဲ့ အစည်းအဝေးထိုင် အကြောင်းပြန်စာပေးတဲ့ ကိုရီးယားနိုင်ငံရဲ့ တရားဝင်စနစ်တစ်ခုပါ ၂သိန်းမပြည့်ရင်တော့ မြန်မာ့အရေးဟာ ဒီနိုင်ငံအစိုးရအဖွဲ့အတွက် အရေးမကြီးတဲ့ကိစ္စလေး ဖြစ်သွားမှာမို့ အွန်လိုင်းကနေ စည်းလုံးမှုရဲ့ အင်အားကို ကူညီပြသပေးကြပါဦးလို့။ Facebook, twitter, naver, kakao မှတစ်ဆင့် agree ကို နှိပ်ပေးရုံသာဖြစ်ပြီး အမည်လည်း မပေါ်ပါ။ Facebook*** twitter*** naver*** kakao*** ဟုသာ ပေါ်ပြီး တစ်ဦးလျှင် အကောင့်၄မျိုးဖြင့် ၄ကြိမ် ပါဝင်နိုင်ပါသည်။ အကောင့်ရှိသူ မြန်မာလူမျိုးများသာမက နိုင်ငံခြားသားများ မည်သူမဆို ပါဝင်နိုင်ပါသည်။ ဒါက ဝင်ရမယ့်လင့်ခ်ပါ https://www1.president.go.kr/petitions/599578 ကိုရီးယားရောက် မြန်မာ လူငယ်များ PTT@ Media9 #whatshappeninmyanmar #NUG Credit:
