No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အောက်စီဂျင်ကျတဲ့ကိုဗစ်လူနာတွေကို မြစ်ကြီးနားအထွေထွေဆေးရုံကြီးမှာ လက်ခံ ကုသပေးတယ်လို့ဆို လူနာဘက်က အောက်ဆီဂျင်အိုးယူလာဖို့လိုအပ် မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံကြီးမှာတော့ အောက်စီဂျင်ကျတဲ့ကိုဗစ်လူနာတွေကို လက်ခံကုသပေးနေတယ် လို့မြစ်ကြီးနားမြို့အခြေစိုက်လူမှုကူညီရေးပြုလုပ်ပေးနေတဲ့ လူမှုရေးအသင်းတွေကပြောပါတယ်။ ရန်ကုန်အပါအဝင်မြို့ကြီးအချို့မှာ လူနာများပြားလွန်းတာကြောင့် အောက်ဆီဂျင် ကျကာအရေးပေါ်ကုသမှု ခံယူဖို့လိုအပ်ပေမယ့်လူနာတွေကို ဆေးရုံကတွေက တိုက်ရိုက် လက်ခံကုသတာမျိုးမလုပ်ပေးနိုင်လို့ အသက်ဆုံးရှုံးရတဲ့လူနာတွေရှိခဲ့ပါတယ်။ မြစ်ကြီးနားမြို့က ကိုဗစ်ပေါ့စတစ်လူနာတွေနဲ့ပတ်သက်ပြီးကူညီပေးနေတဲ့ လူမှု ကူညီရေးအသင်းတွေက သူတို့ရဲ့အခက်အခဲနဲ့လိုအပ်ချက်တွေကို ဘီဘီစီကိုအခုလို ပြောပြပါတယ်။ "တချို့ကိုတော့ဆေးရုံကလက်ခံတယ် စစ်ဆေးရုံကတော့ သံယာတော်သာသနာ့ ဝန်ထမ်းတွေတော့ လက်ခံပါ တယ်။ မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံကတော့ လူနာနဲ့အတူ အောက်စီဂျင်တွဲရက်ပါရတယ်။ အောက်စီဂျင်မပါရင်သူတို့က လက်မခံတော့ဘူး’’လို့ ဧရာဝတီကရုဏာလူမှုကူညီရေးအသင်းက ကိုသန်းထွန်း ကပြောပါတယ်။ ဒါကြောင့် လူနာတွေကို လက်မခံဘူးလို့ပြောတာဘဲဖြစ်ဖြစ် အောက်စီဂျင်မရှိဘူး ပြောတာတွေကိုတော့ လူနာတွေကအားငယ်သွားတာတွေများတယ်လို့လည်း သူကပြောပါတယ်။ ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://bbc.in/3yqoOGD Credit: