No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မန္တလေး၊ မဟာအောင်မြေမြို့နယ် NLD ပါတီရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ မန္တလေး၊ မဟာအောင်မြေမြို့နယ် ၈၉လမ်းနဲ့ ၃၅ - ၃၆လမ်းမှာရှိတဲ့ မဟာအောင်မြေမြို့နယ် NLD ပါတီရုံးမှာ မနေ့က သြဂုတ် ၂၉ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ အဲဒီအနီးနေထိုင်သူအချို့ကပြောပါတယ်။ ပေါက်ကွဲမှုဟာ အသံဗုံးဖြစ်နိုင်ပြီး လူထိခိုက်တာ မတွေ့ရဘူးလို့ဆိုပါတယ်။ '' အဲဒါက ပါတီဘဏ္ဍာရေးမှူးရဲ့အိမ်မှာ ပါတီရုံးဖွင့်ထားတာ။ ဘဏ္ဍာရေးမှူးကအိုးဘိုထောင်မှာထိန်းသိမ်းခံထားရတယ်။ သူ့အမျိုးသမီးနဲ့ကလေးနှစ်ယောက်ပဲရှိနေတာ။ မှန်တွေကွဲတာဘာညာတော့ဖြစ်တယ်ပြောတယ်'' လို့ အဲဒီအနီးနေထိုင်သူကပြောပါတယ်။ပေါက်ကွဲမှုမဖြစ်ခင် နာရီပိုင်းအလိုက ပေါက်ကွဲမှုဖြစ်တဲ့အဲဒီရုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်အချို့က ဝင်ရောက်ရှာဖွေတာတွေ လုပ်လို့ တယ်လီဖုန်းနဲ့ကွန်ပျူတာအချို့ သိမ်းဆည်းခံလိုက်ရတယ်လို့ ပြောကြပေမယ့် ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ မနေ့က ညနေပိုင်း ၅နာရီခန့် ကလည်း မဟာအောင်မြေမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီရုံး မှာပေါက်ကွဲမှုဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီနောက် ညပိုင်း ၁၁နာရီမှာ NLD ပါတီရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ဆိုပါတယ်။ ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-58248887 ဘီဘီစီမြန်မာပိုင်း ဓါတ်ပုံ - ဒေသခံ ပုံစာ - မဟာအောင်မြေမြို့နယ် NLD ပါတီရုံး ပေါက်ကွဲမှု Credit: