လှည်းတန်းမှာ သတင်းပေး လို့ နာမည်ထွက်သူ ပစ်ခတ်ခံရ ရန်ကုန်မြို့၊ လှည်းတန်းဈေးအနီးမှာ စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်သူတစ်ဦး သေနတ်ပစ်ခံရတဲ့ ဖြစ်စဉ် ဒီကနေ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ ဖြစ်ခဲ့တယ် လို့ လှည်းတန်းမှာ နေထိုင်သူတွေက ပြောပါတယ်။ ကိုသာစန်း လို့ ခေါ်တဲ့ သူ အပစ်ခံရတာဖြစ်ပြီး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ ရောက်လာပြီး အခင်းဖြစ်ပွားရာ အနီးတဝိုက်က ဆိုင်တွေ နဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလုပ်တယ်လို့ လှည်းတန်းမှာ နေထိုင်သူတွေက ပြောပါတယ်။ သြဂုတ်လ တုန်းကလည်း ကမာရွတ်မှာ ဒလန်လို့စွပ်စွဲခံရသူ တစ်ဦး နဖူးကိုသေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဒလန်လို့ စွပ်စွဲခံရပြီး အသတ်ခံရသူ ၃၆၉ ဦး ရှိပြီး ဒဏ်ရာရသူ ၄၄၆ ဦး ရှိပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဘီဘီစီ မြန်မာပိုင်း ပုံစာ - ကမာရွတ်မြို့နယ်ထဲ ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေလုပ်နေတဲ့ စစ်ကောင်စီတပ်တွေ (ပုံဟောင်း) ဓာတ်ပုံ - KMY INFO ဒီသတင်းနဲ့အတူ ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-58396049 Credit:
