ယခုနှစ်နွေရာသီတွင် ရေပြတ်လပ်မှုများမရှိစေရန် မြန်မာတစ်နိုင်ငံလုံးရှိ ရေပေးဝေရေးလုပ်ငန်းပေါင်း ၁၅၀၁ ခုကို ငွေကျပ် သန်းပေါင်း ၂၄ ဒသမ ၅ ဘီလီယံဖြင့် ဆောင်ရွက်ရန် တင်ဒါခေါ်ယူထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၁၇၆ မြို့နယ်မှ ကျေးရွာပေါင်း ၁၄၇၆ ရွာတွင် ရေပေးဝေရေးလုပ်ငန်းပေါင်း ၁၅၀၁ ခုကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။ ရေရှားပါးပြတ်လပ်မှုများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် နေရာဒေသအပေါ်မူတည်ကာ ဖြစ်ပွားခြင်းဖြစ်ပြီး အပူပြင်းဆုံးအချိန်ဖြစ်သည့် မတ်၊ ဧပြီနှင့် မေလတို့တွင် ရေပြတ်လပ်လေ့ရှိကြောင်း သိရပါတယ်။ လက်ရှိတွင် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ ကျေးရွာတချို့ကို ယခုဇန်နဝါရီလမှ စတင်ကာရေပေးဝေနေရပြီဖြစ်ပြီး ယခုနှစ်နွေရာသီကာလတွင် သောက်သုံးရေရှားပါးပြတ်လပ်နိုင်ချေရှိသော ကျေးရွာပေါင်းမှာလည်း ၃၄၇ ရွာရှိနိုင်ကြောင်း သိရပါတယ်။ Credit
