
အိန္ဒိယနိုင်ငံက မှာယူထားတဲ့ ကိုဗစ် ကာကွယ်ဆေး ပထမအသုတ် မြန်မာပြည်ကို ရောက်ပြီလို့ ကျန်းမာရေးဝန်ကြီးဌာနအသိုင်းအဝိုင်းကသိရပါတယ်။ ပထမဆုံးရောက်တဲ့ ဆေးတွေကို ရောဂါကူးစက်မှုအနီးစပ်ဆုံးနဲ့ ကူးစက်ခံရမှုအများဆုံးဖြစ်နေတဲ့ ကျန်းမာရေး၀န်ထမ်းနဲ့ Volunteer တွေကို အရင် စတင်ထိုးပေးမှာဖြစ်ပြီး နောက်ရောက်တာတွေကို အသက် ၆၅ နှစ်အထက် ပြည်သူတွေကို ထိုးပေးမယ်လို့သိရပါတယ်။ ကိုဗစ် ကာကွယ်ဆေးတလုံးဟာ အမျိုးအစားလိုက်ပြီး တချို့ဆေးဟာ လူ ၈ ဦးထိုးလို့ရပြီး တချို့ကတော့ ၁၀ ဦးထိ ထိုးပေးလို့ရပါတယ်။ ဆေးရဲ့ အကျိုးအာနိသင်ကိုလိုက်ပြီး ပထမထိုးနှံပြီးသူဟာ နောက်ထပ် ၃ ပတ်နေမှ ဒုတိယအကြိမ်ထပ်ထိုးရမှာဖြစ်သလို တချို့ဆေးကတော့ နောက် ၄ ပတ်နေမှ ဒုတိယအကြိမ်ထပ်ထိုးရတဲ့ဆေးမျိုးလည်းရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယကနေ ကိုဗစ်ကာကွယ်ဆေး၀ယ်ယူတာအပြင် CEPI, GAVI နဲ့။ WHO တို့ချမှတ်တဲ့ COVAX ကိုဗစ်ကာကွယ်ဆေးအစီအစဉ်နဲ့လည်း ကိုဗစ်ကာကွယ်ဆေးတွေ မှာယူထားပါတယ်။ တရုတ်နိုင်ငံကလည်း ကိုဗစ် ကာကွယ်ဆေးအချို့ လှူဒါန်းထားပါတယ်။ မြန်မာပြည်မှာ လက်ရှိအချိန်ထိ ကိုဗစ် ကူးစက်လူနာ ၁၃၅၇၂၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၉၉၇ ရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန စာရင်းတွေအရ ကိုဗစ်ပိုးကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းဟာ ၂ ထောင်ကျော်ရှိနေပြီလို့ သိရပါတယ်။ Credit