No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာပြည်သိန်းတန် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ဟုဆို ====================================== မြန်မာပြည်သိန်းတန်နှင့်ဇနီး ဒေါ်နုနန္ဒာသန်းတို့နေထိုင်သော ကွန်ဒိုတိုက်ခန်း တွင် ယနေ့ နံနက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဆင်မလိုက် ဈေး(၆)လွှာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ် ယာဉ်(၃)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း ဖော်ပြထားသည်။ မှန်တင်ခုံနဲ့ အဝတ်အစားတွေအလှပြင်ပစ္စည်းတွေ ဆုံးရှုံးသွားတာပါ။ဆုံးရှုံးမှုတန်ဖိုးက ငါးသောင်း ဖြစ်ပါတယ်။အခန်းပိုင်ရှင်အမည်ကတော့ ဒေါ်နုနန္ဒာသန်း ဖြစ်ပါတယ်ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနတာဝန်ရှိသူက ပြည်မြန်မာကို ပြောသည်။ photo-Khaing Ko Ko Htwe Crd