
မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံးသော သီလဝါအထူး စီးပွားရေးဇုန်၌ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု များ ဝင်ရောက်ထားမှုသည် ရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော်ရှိ လာပြီဖြစ်သည်။ ဂျပန်-မြန်မာအစိုးရ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ပထမဦးဆုံးအကောင် အထည်ဖော်ခဲ့သော နိုင်ငံတကာအဆင့်မီ အထူးစီးပွားရေးဇုန်ဖြစ်လာသည့် သီလဝါအထူးပွားရေး ဇုန်သည် ရန်ကုန်မြို့ သန်လျင်မြို့နယ်ရှိ အကျယ်အဝန်း ဟက်တာပေါင်း ၂၅၀၀ ပေါ်တွင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး မြန်မာ၊ ဂျပန်၊ အစိုးရ၊ မြန်မာပုဂ္ဂလိကလုပ်ငန်းစုနှင့် ဂျပန်ပုဂ္ဂလိက လုပ်ငန်းစုတို့ပါဝင် သော Myanmar Japan Thilawa Development Limited အမည်ဖြင့် မြန်မာ-ဂျပန်ဖက်စပ် ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အောင်မြင်တိုးတက်နေပြီဖြစ်သော သီလဝါအထူးစီးပွားရေးဇုန်တွင် မြန်မာအစိုးရ၏ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (TSEZMC) က ၁၀ ရာခိုင်နှုန်း၊ ဂျပန်အစိုးရအောက်ရှိ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)က ၁၀ ရာခိုင်နှုန်းအစုရှယ်ယာ ပိုင်ဆိုင်သည်။ မြန်မာပုဂ္ဂလိက လုပ်ငန်းစုတွင် ၄၁ ရာခိုင်နှုန်းဖြင့် မြန်မာသီလဝါ SEZ Holdings Public Limited က ပိုင်ဆိုင်ပြီး ဂျပန်ပုဂ္ဂလိက လုပ်ငန်းစုတွင် MMS Thilawa Development Co., Ltd က အစုရှယ်ယာ ၂၉ ရာခိုင်နှုန်းဖြင့် ရှယ်ယာများ အသီးသီးပိုင်ဆိုင်သည်။ အထူးစီးပွားရေးဇုန်အတွက် လိုအပ်သော အခြေခံအဆောက်အအုံများကို နိုင်ငံတကာစံနှုန်းများနှင့် အညီ တည်ဆောက်ခဲ့သော သီလဝါ အထူးစီးပွားရေးဇုန်အတွင်း အခြေခံအဆောက်အအုံ၊ လမ်း များနှင့် ပြုပြင်ထိန်းသိမ်းခြင်းကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများအထိလုပ်ဆောင်ခဲ့သည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်မှုများ တိုးတက်လာခဲ့သော သီလဝါအထူးစီးပွားရေးဇုန်သည် ယခုအခါ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာမှုမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၁၇ ခုက ရင်းနှီးမြှုပ်နှံထားပြီး ဆောက်လုပ်ရေးလုပ်သားများအပါအဝင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၀၀ ကျော်ခန့် ဖန်တီးပေးနိုင်ပြီဟု သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက ဆိုသည်။ သီလဝါ အထူးစီးပွားရေးဇုန်သို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်မှုအနက် ဂျပန်ကအများဆုံး ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူ၊ ထိုင်း၊ ကိုရီးယား၊ဟောင်ကောင်နိုင်ငံတို့ကလည်း ရင်းနှီးမြှုပ်နှံမှုများကာ ကဏ္ဍအသီးသီး၌ ရင်းနှီးမြှုပ်နှံထားမှုများအနက် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးဝင် ရောက်ထားသည်။ Crd