No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်ကိုင်းတိုင်းဒေသကြီးဟုမ္မလင်းမြို့နယ်ဥရုချောင်းကူးကြိုးတံတားအ ဆင့်မြှင့်တင်တည်ဆောက် မှုစတင် ================================================= စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဥရုချောင်းကူးကြိုးတံတားကို အဆင့်မြှင့်တင်တည်ဆောက် နေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့ (၂)ညွှန်ကြားရေးမှုး(မြို့ပြ )ဦးအောင်သီဟက ပြော သည်။ "ဇန်နဝါရီဘလ ( ၂၂)ရက်နေ့ကအန္တရာယ်ကင်းပရိတ်ရွတ် မြေသန့်မင်္ဂလာလုပ်ပြီးဘိုးပိုင် တူးတာစပြီး ဆောင်ရွက်ပါတယ်။ဥရုချောင်းမှာရှိတဲ့လက်ရှိကြိုးတံတားကခံနိုင်ဝန်လျော့လာတဲ့အတွက်ဒေသလိုအပ်ချက်အရတန်(၆၀)ခံ နိုင်တဲ့တံ တားအဖြစ်အဆင့်မြှင့်တင်တည်ဆောက် မှာဖြစ်ပါတယ်။ ချဉ်းကပ်တံ တားတွေကိုအရင်အဟောင်းကိုဘဲပြန်အသုံးပြုသွားမှာဖြစ်ပါတယ်။ အဟောင်းကခံနိုင်ဝန်အပြည့်ရှိပါ သေးတယ်။ကြိုးတံတားအပိုင်းရှိတယ်။ချဉ်းကပ်တံတားအပိုင်းက၂ဖက်ကွန်ကရစ်တံတားပါ။ဝန်လျော့သွားတဲ့ကြိုးတံတားအပိုင်းကိုဘဲပြန်လည်ဖြုတ်သိမ်းပြီးတော့သံပေါင် ပလိတ်ဂါဒါတွေနဲ့အ စားထိုးပြီး ကွန်ကရစ်တံတားအဖြစ်တည်ဆောက်သွားမှာဖြစ်ပါတယ်"ဟုယင်းကပြောသည်။ ဥရုချောင်းကူးကြိုးတံတားအရှည်မှာ (၁၀၉၀) ပေရှိပြီး ပေ(၅၄၀)ရှိသည့် ကြိုးတံတားအပိုင်း ကိုဖြုတ် သိမ်း၍ အစားထိုးတည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။ တံတားအကျယ်(၂၆)ပေရှိ ပြီးပြည်ထောင်စုရန်ပုံငွေအနေဖြင့်ယခုနှစ်တွင်၂ဘီ လျံရရှိပြီးလာမည့် နှစ်ဘတ်ဂျက်တွင်အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းအဆိုပါ တံတားတည်ဆောက်ရေးအဖွဲ့ ကသိရသည်။ "သက်ကယ်ကျင်း-ဖောင်းပြင်လမ်းကလည်းလမ်းတွေကောင်းလာပြီ။လမ်းတွေကောင်းလာတာနဲ့အမျှ ယာဉ်ကြီးတွေသွားလာကြတယ်။ယာဉ်ကြီးတွေသွားလာကြတဲ့အပေါ်မှာဒေသလိုအပ်ချက်အရကြိုးတံတားပိုင်းကိုအဆင့်မြှင့်တင်ပြီးတည်ဆောက်ပေးတာဖြစ်ပါတယ်"ဟုဦးအောင်သီဟကပြောသည်။ မျိုးမောင်မောင် (မုံရွာ) ဓါတ်ပုံ - ဦးအောင်သီဟ Crd