
မဲစာရင်းကိစ္စတွေ ကော်မရှင်က ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်လို့ ပွညျခိျုငျဖွိုးတောငျးဆို ဇန်နဝါရီ ၁၁၊ ၂၀၂၁ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာဖြစ်ပွားခဲ့တဲ့ မဲစာရင်းကိစ္စရပ်တွေကို ဖြေရှင်းပေးဖို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှာတာဝန်ရှိတယ်လို့ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာ လှမြင့် က တောင်းဆိုလိုက်ပါတယ်။ အသက် ၁၈ နှစ်မပြည့်သူတွေ၊ မှတ်ပုံတင်မရှိသူတွေမဲပေးတာ၊ တစ်ကြိမ်ထက်ပိုပြီးမဲပေးတဲ့ ဖြစ်စဉ်တွေ၊ မဲစာရင်းပိုနေတာ စတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီက သတင်းစာ ရှင်းလင်းပွဲတွေပြုလုပ်ပြီးပြောကြားနေတာပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းကိစ္စ ဖြေရှင်းမပေးရင် ကော်မရှင်ကိုတာဝန် ပေးထားတဲ့ နိုင်ငံတော်သမ္မတက တာဝန်ယူဖြေရှင်းပေးရမယ်လို့ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။ ဒါ့အပြင် လာမယ့် ဖေဖော်ဝါရီလ ၁ ရက်မှာကျင်းပဖို့စီစဉ်ထားတဲ့ တတိယအကြိမ်လွှတ်တော်ကို လည်း မဲရလဒ်တွေအငြင်းပွားနေတာဖြေရှင်းပြီးမှ ခေါ်ယူဖို့လည်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ NDF က တောင်းဆိုထားပါတယ်။ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးကတော့ ရွေးကောက်ပွဲရလဒ်ကို ပြည်သူတွေအသိအမှတ်ပြုထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ခေါ်ပြီး အစိုးရ ဖွဲ့ ဖို့ အခက်အခဲမရှိဘူးလို့ ပြောထားပါတယ်။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့က မဲစာရင်းကိစ္စ ထုတ်ပြန်တာတွေပြုလုပ်နေပေမယ့် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ တပ်မတော်က ထုတ်ပြန်တာတွေဟာ ရွေးကောက် ပွဲနေ့က မဲစာရင်းမဟုတ်တဲ့အကြောင်းသာ ထုတ်ပြန်ထားပါတယ်။ ရုပ်သံသတင်းထောက်- ဝင်းကိုကိုလတ် Credit: 7 Day