No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေး ရန်ပုံငွေတွေကို နိုင်ငံတကာရောက် မြန်မာတွေ ကူညီပေးပို့နေကြရာမှာ၊ အမေရိကန်ပြည်ထောင်စုမှာလည်း မြန်မာလူငယ်တွေနဲ့ သံဃာတော်တွေ ဦးစီးပြီး ရန်ပုံငွေ ကောက်ခံ စုဆောင်းမှုတွေ လုပ်နေပါတယ်။ . ကိုဗစ်၁၉ ကူးစက်မြန်ကပ်ရောဂါ လူတသိန်းသုံးသောင်းကျော်ထိ ကူးစက်ခံနေရတဲ့ မြန်မာနိုင်ငံအတွက် ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ ဝယ်ယူနိုင်ဖို့ အလှူငွေတွေကို အမေရိကန်ပြည်ထောင်စုရောက် အမေရိကန်-မြန်မာတွေက ဝိုင်းဝန်းကူညီ လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။ . အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ်က ရဟန်းသံဃာတော်တွေကိုယ်တိုင် ဦးစီးဦးဆောင်ပြု ကိုယ်တိုင်အလှူငွေ ထည့်ဝင်မတည်ခဲ့ကြပြီး ကိုဗစ် ၁၉ ကာကွယ်ဆေးအလှူ မြန်မာပြည်အတွက် ပေးပို့လှူဒါန်းနိုင်အောင် ဆောင်ရွက်နေတဲ့အကြောင်း ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ မင်္ဂလာရာမကျောင်းက ဆရာတော်အရှင်ခေမိန္ဒက အခုလိုမိန့်ပါတယ်။ . "ဘုန်းဘုန်းတို့ ကာကွယ်ဆေးအလှူငွေ ကောက်ခံဖြစ်တဲ့အကြောင်းကတော့- မြန်မာနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကနေပြီးတော့ နိုင်ငံတော်အစိုးရကဒီလောက် ဒီလောက်ဘတ်ဂျက် ထည့်ဝင်ထားပါတယ် တိုင်းသူပြည်သားတွေအနေနဲ့လည်း ပြည်တွင်း ပြည်ပအားလုံး လှူဒါန်းနိုင်တယ်ဆိုပြီးတော့ နိုင်ငံတော်အစိုးရကနေ တရားဝင်ကြေညာချက်လေးထုတ်တာတွေ့တော့ ဘုန်းဘုန်းတို့ကလည်း စဉ်းစားမိတယ် ဘုန်းဘုန်းတို့တွေသည် အမေရိကန်မှာနေတဲ့ ဘုန်းကြီးတွေဖြစ်တဲ့အတွက် ဒီနိုင်ငံကတော့ တချိန်ကျလို့ရှိရင် အနှေးနဲ့အမြန်ပဲ ကာကွယ်ဆေးက ထိုးခွင့်ရကြမှာ။ . ဘုန်းဘုန်းတို့ထိုးခွင့်ကြရသလို ဘုန်းဘုန်းတို့နိုင်ငံသားတွေ လည်း ရကြပါစေဆိုတဲ့ အဲ့ဒီ့ကိုယ်ချင်းစာတဲ့ စိတ်ကလေးတခုတည်းနဲ့ အဲ့တာလေး အတွေးပေါက်ပြီး ဘုန်းဘုန်းတို့ သံဃာတော်တွေ တိုင်ပင်ပြီးတဲ့အခါကျ- အမေရိကန်အရှေ့ပိုင်းမှာ ရှိတဲ့ ဗာဂျီးနီးယားရယ်- မေရီလန်းမှာရှိတဲ့ သံဃာတော်တွေ တိုင်ပင်ပြီးတော့ တပည့်တော်တို့တတွေ ကိုယ်တိုင်ဦးဆောင်ထည့်ဝင်ပြီးတော့ အလှူငွေတွေ ကောက်ခံပြီးတော့ လှူဒါန်းပေးကြရင် ကောင်းမယ်ဘုရားဆိုပြီး တိုင်ပင်ပြီးတော့ ကိုဗစ်`၁၉ ကာကွယ်ဆေးအတွက် ကောက်ခံဖြစ်သွားတာပေါ့လေ။ ကြေညာပြီး ဆက်သွယ်လှူဒါန်းဖို့ ဘုန်းဘုန်းတို့ ဆက်သွယ်လှူဒါန်းရမှာတွေ ထည့်ပေးလိုက်တဲ့ ၂နာရီ ၃နာရီအတွင်းမှာကို အလှူငွေ လေးငါးထောင် တက်လာတယ်။ . နယူးယောက်တို့ တခြားပြည်နယ်က မြောက်ကယ်ရိုလိုင်းနားက သံဃာတော်တွေလည်း ထည့်ဝင်လာကြတယ်။ အဲ့နောက်ကလည်း လူတွေကလည်း ချက်ခြင်းကို အားတက်သရော လိုက်လာကြတယ်။ သုံးရက်လေးရက်အတွင်းမှာကို အလှူငွေက ဒေါ်လာတသောင်းကျော်သွားပါတယ်။ ဒီမှာရောက်နေကြတဲ့ မြန်မာCommunity ကလည်း တော်တော်ကို သဒ်ဓါတရားကောငျးကွတယျ။ တော်တော်ကို ကိုယ်ချင်းစာစိတ်လေးတွေနဲ့ ဝိုင်းလှူပေးကြတာပေါ့လေ။ အင်မတန်ကို ဝမ်းသာရပါတယ်။" . ရန်ပုံငွေကောက်ခံရာမှာ ငွေသားသက်သက်အလှုခံတာရှိသလို၊ လူငယ်တွေစုပြီး လုပ်အားဒါနနဲ့ အစားအသောက်တွေ ကိုယ်တိုင်ချက်ပြုတ်ရောင်းချ အလှုငွေရှာတာလည်းရှိပါတယ်။ Help Myanmar From Natural Disaster ဆိုတဲ့ မြန်မာပြည်အတွက် အကူအညီပေး လှူဒါန်းနေတဲ့ အဖွဲ့အနေနဲ့ ဆေးအလှုငွေကောက်ခံနေပုံကို ကိုယ်တိုင်ဦးဆောင်လုပ်အားဒါနပြုခဲ့တဲ့ ကိုထိုက်က အခုလိုရှင်းပြပါတယ်။ . " ဆရာတော်တွေက COVID Vaccine အတွက် မြန်မာပြည်ကိုလှူဖို့အတွက် အလှူခံနေတယ်ဆိုတော့ ကျနော်တို့တွေကနေပြီးတော့ အဲ့တာဆိုရင် လူငယ်တွေက ကိုယ့်ဘာသာကိုယ် ပိုက်ဆံစုပြီးတော့မှ တယောက် ဘယ်လောက်လှူမယ်ဆိုပြီး လှူမလား ဒါမှမဟုတ် စျေးရောင်းပွဲလိုမျိုး တခုခုလုပ်ပြီးတော့လှူမလားဆိုပြီး ရတဲ့နည်းနဲ့ရှာပြီးတော့ လှူမယ်ဆိုရင် ပိုပြီးထိထိရောက်ရောက်ဖြစ်မယ်ဆိုပြီး တိုင်ပင်လိုက်ကြပြီးတော့ စျေးရောင်းတာကိုfree Delivery အရောက်ပို့တဲ့ပုံစံ လုပ်ပြီးတော့ တိုင်ပင်ပြီးတော့ လုပ်ဖြစ်ခဲ့တာပါ။ . မျှော်မှန်းထားတာကိုပိုရပါတယ်။ ဝါရှင်တန်ဒီစီရယ် မေရီလန်းရယ် ဗာဂျီးနီးယားရယ်DMV ဧရိယာကသူတွေ မှာလို့ရပါတယ် မှာတဲ့သူတွေ ပို့ပေးပါမယ်ဆိုပြီး ကြေညာလိုက်တော့ မြန်မာအသိုင်းအဝိုင်းက မှာတဲ့အပြင် ရန်ပုံငွေတွေပါ သက်သပ်ထည့်ပြီးပံ့ပိုးပေးကြပါတယ်။အခုနောက်ဆုံးပိတ်စာရင်းအရ စုစုပေါင်းအလှူငွေ တစ်သောင်းသုံးထောင်ရသွားပါပြီ။ အဲ့ဒီ့အလှူငွေတွေကို မြန်မာပြည် ကိုဗစ်၁၉ ကာကွယ်ဆေးအတွက် ဆရာတော်တွေ အလှူငွေကောက်နေတာတွေရှိပါတယ်။ ကျနော်တို့က အဲ့ဒီံအထဲကို သွားပြီးတော့မှContribute လုပ်မှာပါ။ အဲ့ကနေတဆင့် ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေတဲ့ COVID Vaccine အလှူအတွက် သွားမှာဖြစ်ပါတယ်။" . ကိုဗစ် ၁၉ ကာကွယ်ဆေးအလှုငွေတွေက မျှော်မှန်းထားတာထက်အလှူရှင်တွေဘက်က ပိုပြီး ဝိုင်းဝန်းလှူဒါန်းကြတဲ့အတွက် အားရကျေနပ်မိတယ်လို့ ကိုထိုက်က ဆက် ပြောပြပါတယ်။ . ကောက်ခံရရှိတဲ့ အလှူငွေတွေကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ Corona Disease ၂၀၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို လှူဒါန်းကြမယ်လို့ သိရပါတယ်။ ကိုကား=VOA Burmese News .photo=https://news.sky.com/ #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife Crd