
NLD အစိုးရသစ်ကိုထောက်ခံတဲ့ ကားစတစ်ကာ ကမ်ပိန်း NLD အစိုးရသစ်ကိုထောက်ခံတဲ့အနေနဲ့ ကားစတစ်ကာကမ်ပိန်းတစ်ခုကို ရန်ကုန်မြို့ မဟာဗန္ဒုလပန်းခြံတစ်ဝိုက်မှာ ပြုလုပ်နေပါတယ်။ ပန်းခြံရှေ့မှာ ကားတစ်စီးရပ်ထားပေးပြီး အစိုးရကို ထောက်ခံတဲ့မည်သူမဆို NLD အမှတ်တံဆိပ်ပါ စတစ်ကာတွေကို ကားမှာလာရောက်ကပ်နိုင်တာဖြစ်ပါတယ်။ အဆိုပါ ကမ်ပိန်းကို ကိုမောင်မောင်လေးဆိုသူက ဦးစီးလုပ်ဆောင်တာဖြစ်ပြီး ဇန်နဝါရီ (၂၄) ရက်ကနေ ဖေဖော်ဝါရီလ (၁) ရက်နေ့အထိ ပြုလုပ်သွားမှာပါ။ တတိယအကြိမ် လွှတ်တော်စတင်မယ့် ဖေဖော်ဝါရီလ (၁) ရက် မှာတော့ NLD အမှတ်တံဆိပ်ပါ စတစ်ကာတွေကပ်ထားတဲ့ အဆိုပါကားနဲ့ အစိုးရအသစ်ကို ထောက်ခံကြိုဆိုတဲ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင်း လှည့်လည်သွားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဓာတ်ပုံ- သားကြီး Crd