No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံကို အရေးယူပေးဖို့ ဒေသခံတွေ ဝန်ကြီးချုပ်ထံ တိုင်ကြား ~~~~~ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးနဲ့ မအူပင်ကားမပေါ်က ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံ ကနေထွက်တဲ့ အနံ့ဆိုးတွေနဲ့ အမှုန်တွေကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်နေလို့ စက်ရုံကိုအရေးယူပေးဖို့ ဒေသခံတွေက ရန်ကုန်တိုင်းအစိုးရရုံးမှာ ဇန်နဝါရီလ ၂၆ ရက် ဒီနေ့ မနက်ပိုင်း တောင်းဆိုခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်က ဓာတ်မြေသြဇာစက်ရုံကို ကွင်းဆင်းစစ်ဆေးဖို့ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ဖြန်မှာ တိုင်းအစိုးရ ဝန်ကြီး နှစ်ယောက်ကို စေလွှတ်ပေးမှာဖြစ်ပြီး ၂၈ ရက်နေ့ မှာ သူကိုယ်တိုင် ဒေသခံတွေကို လာရောက်တွေ့ဆုံမယ်လို့ ကတိပေးလိုက်ပါတယ်။ ဒီနေ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တွံတေးမြို့နယ် ကန်ပတ်ရိုးကျေးရွာနဲ့ ထန်းတပင်ကျေးရွာက ဒေသခံ ၃၀ ခန့်က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ - Unicode --------------- ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံကို အရေးယူပေးဖို့ ဒေသခံတွေ ဝန်ကြီးချုပ်ထံ တိုင်ကြား ~~~~~ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးနဲ့ မအူပင်ကားမပေါ်က ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံ ကနေထွက်တဲ့ အနံ့ဆိုးတွေနဲ့ အမှုန်တွေကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်နေလို့ စက်ရုံကိုအရေးယူပေးဖို့ ဒေသခံတွေက ရန်ကုန်တိုင်းအစိုးရရုံးမှာ ဇန်နဝါရီလ ၂၆ ရက် ဒီနေ့ မနက်ပိုင်း တောင်းဆိုခဲ့ကြပါတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်က ဓာတ်မြေသြဇာစက်ရုံကို ကွင်းဆင်းစစ်ဆေးဖို့ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ဖြန်မှာ တိုင်းအစိုးရ ဝန်ကြီး နှစ်ယောက်ကို စေလွှတ်ပေးမှာဖြစ်ပြီး ၂၈ ရက်နေ့ မှာ သူကိုယ်တိုင် ဒေသခံတွေကို လာရောက်တွေ့ဆုံမယ်လို့ ကတိပေးလိုက်ပါတယ်။ ဒီနေ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တွံတေးမြို့နယ် ကန်ပတ်ရိုးကျေးရွာနဲ့ ထန်းတပင်ကျေးရွာက ဒေသခံ ၃၀ ခန့်က တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ - Zawgyi --------------- Photo - Thant Zin Oo/ RFA Crd