
COVID-19 ကာကွယ်ဆေး ဝယ်ယူရန် EFD Group မှ ကျပ်သိန်းပေါင်း တစ်သောင်းထပ်မံလှူဒါန်း ==================================================== နိုင်ငံတော်၏ COVID-19 ကာကွယ်ဆေး ဝယ်ယူရေးလုပ်ငန်းစဉ်အတွက် EFD Group မှ အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့် ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ တို့က ကျပ်သိန်း ပေါင်း တစ်သောင်းထပ်မံလှူဒါန်းလိုက်ကြောင်း သိရသည်။ အဆိုပါ အလှူငွေ လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်က ရန်ကုန်တိုင်းဒေကြီးအစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံရယူခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ ကျွန်တော်တို့ မိသားစုက Excellent Fortune Foundation ( EFF Foundation )နဲ့ လူမှုရေး၊ကျန်း မာ ရေး၊ ပညာရေးနဲ့လူထုအကျိုးပြု လုပ်ငန်းတွေကို စဉ်ဆက်မပြတ်ပါဝင်လှူဒါန်းခဲ့ပါတယ်။ သာကေ တမြို့နယ်က Fortune Plaza We Love Yangon Happy COVID Center ဆေးရုံကိုလည်း နိုင်ငံ တော်ကို လှူဒါန်း ထားပါတယ်ဟု အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်းကပြောသည်။ Crd