No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကမ္ဘာပေါ်တွင် COVID-19 ကြောင့်သေဆုံးသူဦးရေ တတိယမြောက်အများဆုံးနိုင်ငံအဖြစ် မက္ကစီကိုက အိန္ဒိယကိုကျော်သွား ================================================ COVID-19 ကြောင့် သေဆုံးသူဦးရေစာရင်းမှာ မက္ကဆီကိုနိုင်ငံက အိန္ဒိယနိုင်ငံထက် ကျော်လွန်သွားခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေထဲမှာ COVID-19 ကြောင့် သေဆုံးသူဦးရေ တတိယမြောက်အများဆုံးနိုင်ငံဖြစ်သွားခဲ့ပါပြီ။ ဇန်နဝါရီလ ၂၈ ရက် တစ်နေ့တည်းမှာတင် မက္ကဆီကိုနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူဦးရေ ၁၅၀၆ ဦး ထပ်တိုးလာခဲ့ပြီး နိုင်ငံရဲ့သေဆုံးသူဦးရေစုစုပေါင်းက ၁၅၅၁၄၅ ဦးထိ တိုးမြင့်သွားခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့စုစုပေါင်းသေဆုံးသူစာရင်းက ၁၅၄၀၄၇ ဦးရှိခဲ့တာဖြစ်ပြီး မက္ကဆီကိုနိုင်ငံက အိန္ဒိယရဲ့တတိယနေရာကို ရယူသွားခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၈ရက် နေ့ချင်းကူးစက်မှုမှာတော့ ၁၈၆၇၀ ဦး ရှိခဲ့ပြီး မက္ကဆီကိုနိုင်ငံရဲ့စုစုပေါင်းကူးစက်မှုဦးရေက ၁၈၂၅၅၁၉ ဦးထိရှိလာခဲ့ပါတယ်။ သေဆုံးမှုမှာ မက္ကဆီကိုနိုင်ငံက တတိယမြောက်အများဆုံးဖြစ်သွားခဲ့ပေမယ့် ကူးစက်မှုအများဆုံးကမ္ဘာ့နိုင်ငံတွေထဲမှာတော့ ၁၃ နေရာမှာရှိနေတာပါ။ မက္ကဆီကိုနိုင်ငံရဲ့သမ္မတအန်ဒရက်စ်မန်နျူရယ်လိုပက်ဇ်အိုဘရာဒေါ်မှာလည်း ပိုးတွေ့ထားခဲ့တာကြောင့် လက်ရှိမှာသမ္မတကြီးကိုယ်တိုင်လည်း သီးသန့်နေထိုင်ရင်း ကုသစောင့်ရှောက်မှုခံယူနေရပါတယ်။ (Bloomberg, 29.1.2021) သံသာ Crd