No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကိုလိုနီခေတ်လက်ရာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အဆောက်အအုံကို အပြာရောင် ကမ္ဗည်းပြားတပ်ဆင် ============================================== ရှေးဟောင်းအမွေအနှစ်လက်ရာများ၏ သမိုင်းကြောင်းကို အများပြည်သူလေ့လာသိရှိနိုင်ရန် အတွက် တပ်ဆင်လျက်ရှိသော ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ၏ ၃၇ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန အဆောက်အအုံတွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းက တပ်ဆင်ခဲ့သည်။ ထိုအဆောက်အအုံကို ၁၉၂၃ခုနှစ်တွင် ရန်ကုန် စည်ပင်သာယာရေးအဖွဲ့၏ တည်ဆောက်ခဲ့ပြီး ၁၉၅၁ ခုနှစ်မှစ၍ ပြည်သူ့အိုးအိမ်တည်ထောင်ရေးနှင့် မြို့ရွာစည်ပင်သာယာရေးအဖွဲ့ရုံးအဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှစ၍ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအဖြစ်လည်းကောင်း အသုံးပြုလျက်ရှိကြောင်း သိရသည်။ "ရန်ကုန်မြို့ရဲ့ အမွေအနှစ်အဆောက်အအုံတွေဟာ မြို့ရဲ့ အံ့ဖွယ်၊ လူမျိုးဘာသာပေါင်းစုံ ယှဉ်တွဲနေ ထိုင်ခဲ့ကြတဲ့ သမိုင်းကြောင်းကို ထင်ဟပ်စေတဲ့ ဆက်နွယ်မှုတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့က အပြာရောင်ကမ္ဗည်းပြားတွေတပ်ဆင်ခြင်းအားဖြင့် ရန်ကုန်မြို့ရဲ့ အစားထိုးမရနိုင်တဲ့ အမွေအနှစ်တွေ ကို အသိအမှတ်ပြုပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးစားလျက်ရှိပါတယ်။ ရန်ကုန်မြို့ဟာ အတိတ်ရဲ့ အငွေ့အသက်တွေ ကင်းမဲ့နေခဲ့ရင်တော့ သူ့ရဲ့ ပစ္စုပ္ပန်ကို နားလည်နိုင်ဖို့၊ အနာဂါတ်ကို မျှော်ကြည့်နိုင် ဖို့ ခက်ခဲနေမှာပါ" ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူနှင့် ဥက္ကဌ ဒေါက်တာ သန့်မြင့်ဦးက ပြောသည်။ ကမ္ဗည်းပြားတပ်ဆင်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှုး၊ တွဲဖက်အတွင်း ရေးမှုးနှင့် ကော်မတီဝင်များ၊ မြို့နယ်ဆိုင်ရာ တာဝန်ရှိသူများနှင့် အခြားဧည့်သည်တော်များ တက် ရောက် ခဲ့ကြောင်း သိရသည်။ "ဒီ ရန်ကုန် စည်ပင်သာယာရေးအဖွဲ့ ရုံးကြီးက သမိုင်းဝင်အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေပြီး လှပတဲ့ သမိုင်းဝင်အဆောက်အအုံကြီးတစ်ခုပါ။ ကျွန်မတို့တွေလည်း ဒီအဆောက်အအုံကြီးထဲမှာ နေရာယူ ခဲ့ကြတဲ့ ရုံးအဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေကို ကြားဖူး၊ မြင်ဖူးခဲ့ပါတယ်။ ရန်ကုန်မြို့နေလူထု ပျော် ပျော်ရွှင်ရွှင်နေထိုင်နိုင်ဖို့ လူနေအိမ်ရာများကို အိုးအိမ်ရုံးအဖွဲ့က ဆောင်ရွက်ပေးခဲ့ကြပါတယ်။ လက်ရှိ မှာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ရုံးချုပ်အဖြစ် မဟုတ်တော့ပေမဲ့လည်း ကိုလိုနီခေတ် လက်ရာ နဲ့ အဆောက်အအုံကြီးက ကျက်သရေရှိစွာ ရပ်တည်နေပြီး၊ ရုံးခန်းတွေကိုလည်း အသုံးပြုနေဆဲပဲဖြစ် ပါတယ်။ ကျွန်မတို့ရဲ့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ရာစုနှစ် တစ်စုစာ ကြိုးပမ်းအောင်မြင်မှု တွေကို ဒီသမိုင်းဝင်အဆောက်အအုံကြီးမှာ YHT အဖွဲ့ရဲ့ ၃၇ခုမြောက် အပြာရောင်ကမ္ဗည်းပြားတပ် ဆင်ခြင်းအားဖြင့် အသိအမှတ်ပြုလိုက်နိုင်ပြီ ဖြစ်ပါတယ်" ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါ်မီမီတင်က ပြောသည်။ HNW Photo-YHT Crd