No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဆက်သွယ်ရေးကွန်ယက်ပြတ်တောက်မှုကြောင့်မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲအားလုံးပိတ်ထားမည်အပြင် အွန်လိုင်းဝန်ဆောင်မှုများလည်းယာယီပြတ်တောက်နိုင် လက်ရှိဖြစ်ပွားနေသည့် ဆက်သွယ်ရေးကွန်ယက် ယာယီပြတ်တောက်မှု အခက်အခဲများကြောင့် ဘဏ်များအားလုံးကို ပိတ်ထားရန် မြန်မာနိုင်ငံဘဏ်များအသင်းမှ ပေးပို့လာသော ညွန်ကြားချက်စာ အရ မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ်ခွဲများ အားလုံးကို ယာယီပိတ်ထားမည် ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ ထို့အပြင် KBZPay, ATM နှင့် iBanking, mBanking တို့၏ ဝန်ဆောင်မှုများလည်း ယာယီပြတ်တောက်နိုင်ကြောင်း အသိပေးထားပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ ဘဏ်ခွဲနှင့် Digital Banking ၀နျဆောငျမှုမြား ပုံမှန်အတိုင်း လည်ပတ်နိုင်မည့် အချိန်ကိုလည်း ကမ္ဘောဇဘဏ်၏ Facebook စာမျက်နှာတွင် အချိန်နှင့် တပြေးညီ ကြေညာသွားမည်ဖြစ်သည့်အကြောင်း ထုတ်ပြန်ထားသည်။ Source-KBZ Bank Myanmar #WeNews Crd