
ဖေဖော်ဝါရီ - ၂ ၊၂၀၂၁ နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းထဲမှာ ရှိနေတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ် တွေ နေရပ်ပြန်ချင်ရင် ပြန်လို့ရပြီဖြစ်တဲ့အကြောင်း တပ်မတော် အရာရှိတစ်ဦး အသိပေး လာတယ်လို့ ဒီချုပ်လွှတ်တော် ကိုယ်စားလှယ် တွေဆီက သိရပါတယ်။ ဒီနေ့ညနေပိုင်းမှာ စည်ပင်ဝင်းထဲ ကို လော်စပီကာ နဲ့ အသိပေးတာလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်း သောင်းက ပြောပါတယ်။ ဒီလိုနေရပ်ပြန်ခိုင်းပေမယ့် ချက်ချင်းမပြန်ကြသေးဘဲ ပါတီခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်ကို ဆက် လက် စောင့် ဆိုင်း ကြဖို့ ပါတီက မှာကြားထားတဲ့အကြောင်း ဒီချုပ်ပါတီရဲ့ ပြန်ကြားရေး က ဦးကြည်တိုးက သူရဲ့ဖေ့ဘွတ်ခ်က နေ အသိပေး ထားပါတယ်။ ဒါအပြင် ဒီချုပ် အစိုးရ အဖွဲ့ ရဲ့ဝန်ကြီးတွေ ၊ ဒုတိယ ဝန်ကြီးတွေ ကို နေအိမ် ကနေ သုံးရက်အတွင်း ရွှေ့ပြောင်းပေးဖို့ အမိန့်ပေး ထားပြီး ဒီလို လုပ်ဆောင်အောင်လည်း အိမ်ယာအဝင်အထွက် လမ်းတွေကို တားဆီးထားတာတွေ လျှော့ ချ ပေးလိုက်တယ် လို့ သိရပါတယ်။ သမ္မတဦးဝင်းမြင့် တော့ သမ္မတ အိမ်တော်ကနေ အခြားနေအိမ် တစ်ခု ဆီ ရွှေ့ပြောင်းဖို့စီစဉ်နေတာကို သိရတဲ့အကြောင်း ဦးကြည်တိုးက အသိပေးထားတာတွေ့ရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ကိုတော့ ရွှေ့ပြောင်း ပေးဖို့ ပြော ကြားတာ မရှိသေးတဲ့အကြောင်းသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံရတဲ့ သူတွေ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ ဒါအပြင် ဦးကြည်တိုးရဲ့ရေးသားချက်အရ မန္တလေးတိုင်းရုံး ၊မကွေးတိုင်းရုံးနဲ့ အချို့သောမြို့နယ်ရုံးတွေကို ချိတ်ပိတ် တာတွေပြု နေပြီး ဒါကိုကန့်ကွက်ဖို့ စီစဉ်နေတယ်လို့ ဒီချုပ်က ဆိုထားပါတယ်။ Credit: