
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ရွေးကောက်ခံ လွှတ်တော် အမတ်အချို့ဟာ နေပြည်တော်စည်ပင်ရိပ်သာထဲမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က လွှတ်တော်ခေါ်ယူခဲ့တယ်လို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ဒီလို လွှတ်တော်ခေါ်မယ့်အစီစဥ်ကို အများစုက မသိရှိတာကြောင့် အချို့လွှတ်တော် အမတ်တွေဟာ နေရပ်ကို ကိုယ့်အစီစဥ်နဲ့ ကိုယ်ပြန်သွားကြတာရှိတယ်လို့လည်း သူ ကပြောပါတယ်။ အခုချိန်ထိ စည်ပင်ဧည့်ရိပ်သာမှာ မပြန်ဘဲ ကျန်ရှိနေတဲ့ NLD အမတ် ၇၀ ခန့်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ လွှတ်တော် ခေါ်ယူတဲ့ အထိမ်းအမှတ်အနေနဲ့ လွှတ်တော်ပထမနေ့မှာ ပြုလုပ်လေ့ရှိတဲ့ “ပြည်သူ့တာဝန်ကို ကျေပွန် အောင် ထမ်းဆောင်မယ်” ဆိုတဲ့ ကတိသစ္စာပြုလွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်တဲ့စည်ပင်ရိပ်သာကိုအခုအခါ အဝင်အထွက်ပိတ်ထားတယ်လို့ နေပြည်တော်ဒေသခံတွေကပြောပါတယ်။ Credit: