No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မန္တလေးမြို့တွင် COVID - 19 ကာကွယ်ရေးလုပ်နေကြသည့် ပရဟိတအသင်းများသို့ လှုဒါန်းမှု နည်းလာခြင်းကြောင့် အခက်အခဲရှိလာဟုဆို ================================================= မန္တလေးခရိုင်အတွင်းမှ COVID - 19 ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသည့် ပရဟိတအသင်းများသို့ လှုဒါန်းမှုများ လျော့နည်းလာခြင်းကြောင့် အခက်အခဲများ ရှိလာကြောင်း ပရဟိတလူမှုကူညီရေးအသင်းများက သိရသည်။ “အရင်က အလှူရှင်တွေများတယ်၊ ရောဂါဖြစ်ပွားမှု နည်းသွားချိန်မှာ လျော့နည်းသွားရာက ဖေဖေါ်ဝါရီ ၁ ရက်နောက်ပိုင်း ပိုဆိုးသွားတယ်၊ PPE အလှူရှင်တွေကလည်း မလှူတော့ဘူး၊ စက်သုံးဆီလှူ မယ့် သူတွေ ချိတ်ဆက်ထးတာလည်း ရှိပေမယ့် မလှူကြပြန်ဘူး၊ အလှူရှင်မရှိတော့ရင် တစ်ဆင့်ချင်းလျှော့ ချဖို့ လုပ်ရမလိုဖြစ်နေတယ်၊ အဖွဲ့နဲ့တိုင်ပင်ရမှာက ကိုဗစ်ကူညီမှု ရပ်ဆိုင်းမလား၊ဘယ်ဟာကိုရပ် ဆိုင်း မလားပေါ့”ဟု ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ဦးခင်မောင်တင့်က ပြောသည်။ အဆိုပါ ပရဟိတအသင်းများအနေဖြင့် COVID-19 ရောဂါထိန်းချုပ်ရေးလုပ်ငန်းများမှ ပိုးတွေ့လူနာ များအား သက်ဆိုင်ရာ ကုသရေးစင်တာများသို့ ပို့ဆောင်ပေးခြင်း၊ ထိတွေ့ဆက်စပ်လူနာများအား Quarantine Center များသို့ ပို့ဆောင် ခြင်း၊ ဆေးရုံဆင်းလူနာများအား နေအိမ်များသို့ ပြန်လည်ပို့ ဆောင်ပေးခြင်း၊ ပိုးတွေ့အတည်ပြုလူနာသေဆုံးမှုများအား သင်္ဂြုံဟ်ပေးခြင်းစသည်တို့ကိုလုပ်ဆောင် ပေးနေခြင်းဖြစ်သည်။ “နိုင်ငံရေးအပြောင်းအလဲ ဖြစ်သွားတာက တစ်ကဏ္ဍပေါ့၊ ကိုဗစ်ကလည်း ရှိနေတော့ လူနာပို့ရတဲ့ လမ်း ကြောင်းက မဖြစ်မနေ ထွက်နေရဆဲပဲလေ၊ ရပ်လို့မှ မဖြစ်နိုင်တာ၊ လက်ရှိအခြေအနေမှာတော့ အခြားအသင်းတွေလည်း စောင့်ကြည့်နေရတဲ့ အနေအထားမှာရှိတယ်၊ အသင်းတွေက အလှူရှင်တွေ ရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်နေရလို့ အခက်အခဲရှိလာကြတာတော့ အမှန်ပဲ”ဟု မြန်မာနိုင်ငံ လူမှုကယ် ဆယ်အဖွဲ့(မန္တလေးတိုင်း)မှ ရုံးအဖွဲ့မှုး ကိုစွမ်းပြည့်အောင်က ပြောသည်။ ယခုအခါ လတ်တလောဖြစ်ပွားနေသည့် အခြေအနေများအရ ပရဟိတအသင်းများအနေဖြင့် PPE ဝတ်စုံများ၊ စက်သုံးဆီ များ ခက်ခဲလာခြင်းကြောင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် အခက်အ ခဲရှိလာသဖြင့် ရန်ပုံငွေအခြေအနေအရ ရပ်တံ့သွားနိုင်ကြောင်းလည်း သိရသည်။ “ကျွန်တော်တို့က ပရဟိတသမားဖြစ်တဲ့အတွက် ကျနော်တို့ ပြည်သူရဲ့ငိုကြွေးရမယ့် ဒုက္ခကိုတော့ ရှိတဲ့ အင်အားလေးနဲ့ မျက်ရည်လေးတော့ သုတ်ပေးချင်တယ်၊ ဒါကြောင့် နိုင်တဲ့ ဝန်နဲ့ ပြည်သူကို ကူညီဦးမယ်၊ နယ်ကအသင်းတချို့ကလည်း ရပ်နားဖို့ တိုက်တွန်းတာရှိတယ်၊ ဒါပေမယ့်လည်း အဖွဲ့ အစည်းတွေနဲ့လည်း တိုင်ပင်ရအုံးမယ်၊ ညီနောင်အသင်းတွေရဲ့သဘောထားဆန္ဒအရ ရပ်နားမယ်ဆို ရင်တော့ ရပ်ရမှာပါ”ဟု ဦးခင်မောင်တင့်က ဆက်လက် ပြောသည်။ ရန်ပုံငွေအခြေအနေအရ ရပ်တံ့သွားနိုင်သည့် အခြေအနေနှင့် ပတ်သက်၍ ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့မှ ကိုဝေဖြိုးဟန်ကလည်း ဘတ်ဂျတ်အနေအထားအပေါ်မူတည်၍ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။ “အခက်အခဲဆိုတာကတော့ အသင်းတွေအားလုံးက ထပ်တူခံစားကြရတာပါပဲ၊ လက်ရှိက တော် တော်တော့ ကျပ်သွားတာပေါ့၊ လက်ရှိလှုပ်ရှားနေတယ်ဆိုတာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်နေကြ ရတာပါ”ဟု ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့မှ ကိုဝေဖြိုးဟန်က ပြောသည်။ ကိုဗစ်ကာလတွင် နေ့စဉ် လမ်းကြောင်း ၂၀ အထက် ပုံမှန် သွားနေရသလို PPE ဝတ်စုံများအတွက် ကုန်ကျစရိတ်များလည်း ရှိနေသဖြင့် ပုံမှန် ပရဟိတကူညီမှုများထက် ပိုမိုသုံးစွဲနေရကြောင်း၊ ယခုအခါ လှုဒါန်း မှုများ နည်းပါလာခြင်းကြောင့် ရပ်ဆိုင်းရမည့် အနေအထားနှင့် ကြုံတွေ့နေရသဖြင့် ရှေ့လုပ် ငန်းစဉ်များအတွက် ညှိနိုင်းတိုင်ပင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ထူး ဓာတ်ပုံ- ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်း Credit :