No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အာဏာသိမ်းတယ်... အင်တာနက်ဖြတ်လိုက်တယ်... ဘဏ်စနစ်ကြီး တခုလုံးရပ်သွားတယ်။ နောက်ကွယ်က ကိုယ်မသိတဲ့ အစိုးရ စနစ်တွေ၊ စစ်တပ်က စနစ်ကြီးတွေ အကုန် ရပ်သွားလိမ့်မယ်။ အားလုံးက ဒီ TCP/IP ပေါ်ကနေပဲ သွားနေတာ။ မှားမှန်းသိတော့ တမနက်နဲ့ ပြန်တက်လာတယ်... ဆက်ရပ်ထားရင် သူတို့ တပတ်မခံမှန်းသိသွားတယ်။ လူထုခေါင်းဆောင် ဖြစ်နိုင်တဲ့ "potential leader" တွေကို ခဏထိန်းလိုက်တယ်။ ခေါင်းဆောင် မလိုတဲ့ reddit movement တွေ ဘာတွေ သူတို့ မကြားဖူးဘူး။ တယောက်လုပ်ရင် အကုန်လိုက်လုပ်တဲ့ Memes culture နဲ့ လူတွေက ခေါင်းဆောင် မလိုပဲ လှုပ်ရှားတယ်။ ဦးနေဝင်းရေးတဲ့ "အာဏာသိမ်းနည်း စာအုပ်ကြီး" က "Age of Z" မှာ အလုပ်မဖြစ်တော့ဘူး။ အင်တာနက် Memes culture ဆိုတာ သီးသန့်ခေါင်းဆောင် နေစရာ မလိုပဲ အိုင်ဒီယာတွေ လွတ်လပ်စွာ စီးဆင်းနေတော့ ဘယ်သူ့ဖမ်းရမှန်းမသိပဲ အဝိုင်းလည်ကုန်ပီ။ လမ်းပေါ်မထွက်အောင် တပ်တွေ အစောင့်ချတယ်။ လူတွေက လမ်းပေါ်မထွက်ပဲ အိမ်ထဲက ဆလောင်းတီးတယ်။ သူတို့ ဘာလုပ်ရမှန်း မသိတော့ဘူး။ တကယ်တော့ ဆန္ဒထွက်ပြတယ်ဆိုတာ အဓိက information စီးဆင်းဖို့ပဲ။ လိုင်းပေါ်မှာ အလင်းအမြန်နဲ့ information တွေ သွားနေတာ၊ ဘယ်သူမှ လမ်းပေါ် နေပူခံ ထွက်စရာ မလိုဘူး။ လိုင်းပေါ်က ကော်ဖီသောက်ရင်း တော်လှန်ရုံပဲ။ ကဲ ဒီတော့ Facebook ကြီး ပိတ်လိုက်တယ်။ ဘန်းကျော်ပြီး လူတွေ ပြန်ရောက်လာတယ်။ အချင်းချင်း VPN ကျော်နည်းတွေပါ သင်ကုန်ပြီ။ တတိုင်းပြည်လုံး VPN နဲ့ ဖြစ်ကုန်လို့ IP ပါ trace လိုက်လို့ မရပဲ၊ တဖွဲ့ထဲ မိုးချုပ်ကုန်မယ်။ ဒီတော့ ဘယ်သူမှ ခေါင်းဆောင် မလုပ်နဲ့။ နောက်လိုက်ပဲလုပ်။ နောက်လိုက်က ဖမ်းလို့မရဘူး။ ထောင်မဆန့်ဘူး။ ခေါင်းဆောင်မလိုတဲ့ memes culture ကို ဆက်ပြီး ရှင်သန်ပါစေ။ မင့်ကသူများလုပ်တာ လိုက်လုပ်တာပဲလားဆိုတဲ့ စဆရကတွေ psywar လုပ်တာ နားမယောင်နဲ့။ memes သဘောအရ အိုင်ဒီယာ မျိုးစုံထွက်မှာပဲ။ နောက်ကျ genes တွေလို အလုပ်ဖြစ်တဲ့ အိုင်ဒီယာတွေပဲ ကျန်ခဲ့လိမ့်မယ်။ စိတ်သိပ်မပူနဲ့၊ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ လူတတ်ကြီးလုပ်မနေနဲ့။ Memes evolution တွေက သူ့ဟာသူ ပြန်ထိန်းလိမ့်မယ်။ မရှဲနဲ့ ကော်ပီကူးတင်။ Source ကို လိုက်လို့မရအောင်လုပ်။ သူတို့ တတ်တဲ့ အာဏာသိမ်းနည်းက ၂၀ ရာစုမှ ကျန်ခဲ့ပြီ။ ၂၁ ရာစုနည်းတွေနဲ့ တိုက်ရင် ဒင်းတို့ ၆ လ မခံပါဘူး။ Cheer!! #credit #ConsumerBoycott #Consumer_Boycott #SayNoToMilitary #SaveMyanmar #Save_Myanmar #Civil_Disobedience #CivilDisobedience #shame_kmd Credit: