No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ကျွန်တော့်နှလုံးသားက အားလုံးနဲ့အတူတူပဲဆိုတာ သိမှာပါ ဆိုပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ ရေးသားခဲ့တဲ့ အောင်လအန်ဆန်း =============================================== ကျွန်တော့်နှလုံးသားက အားလုံးနဲ့အတူတူပဲဆိုတာ သိမှာပါ ဆိုပြီး မြန်မာ့အရေးနဲ့ ပတ်သက်လို့ လူမှုကွန်ရက်စာမျက်နှာကနေ ဖေဖော်ဝါရီလ ၅ ရက်နေ့ မှာ အောင်လ အန်ဆန်းက ရေးသားလာခဲ့ပါတယ်။ အောင်လအန်ဆန်းဟာ သူရဲ့သဘောထား ခံယူချက်တွေက မြန်မာနိုင်ငံသားအားလုံးအတူတူပဲဆိုတဲ့ ခံစားချက်ကို ဖော်ပြဖို့အတွက် သူ့အနေနဲ့ ဒွိဟဖြစ်ပြီးတွေဝေနေတာမဟုတ်ပါဘူးလို့ လည်းဆိုထားပါတယ်။ “ချစ်ခင်ရပါသော မြန်မာနိုင်ငံသားများခင်ဗျာ။ အခုအချိန် မြန်မာနိုင်ငံမှာ ဘယ်လိုအခြေအနေတွေ ဖြစ်နေတယ်ဆိုတာ ကျွန်တော်မြင်တွေ့ကြားသိနေပါတယ်။ အားလုံးပို့ပေးတဲ့သတင်းတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းတာနဲ့ပတ်သက်ပြီးတော့ လုံးဝသဘောမတူပါဘူး။ ပြီးတော့အားလုံးလဲ ဖြစ်ပေါ်လာတဲ့ အခြေအနေအဖြစ်အပျက် တွေကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်မွေးဖွားကြီးပြင်းခဲ့တဲ့ ဒေသနဲ့ ကျွန်တော့်မိသားစုအကြောင်း အားလုံးသိမယ်ဆိုရင် ကျွန်တော့်နှလုံးသားက အားလုံးနဲ့အတူတူပဲဆိုတာသိမှာပါ။ ကျွန်တော်က မြန်မာနိုင်ငံက ကချင်တိုင်းရင်းသားတစ်ယောက်ဖြစ်ပြီး ကျွန်တော့် ကလေးဘဝ ကတည်းက ဒီလိုအခြေအနေတွေကိုကြုံတွေ့ခံစားခဲ့ရတာပါ။ ဒီအခြေအနေအဖြစ်အပျက်တွေက ကျွန်တော်တတ်နိုင်တဲ့ ကျွန်တော်လုပ်နိုင်စွမ်းထက် အများကြီးပိုတဲ့အခြေအနေပါ။ ကျွန်တော်က ကိုယ်ခံပညာပေါင်းစုံ အားကစားသမားတစ်ဦးပဲဖြစ်ပြီးတော့ နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဘယ်လိုနိုင်ငံရေးအခြအနေဖြစ်ပါစေ မြန်မာနိုင်ငံကို အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ ဒီလိုမသေချာမရေရာတဲ့ အခြေအနေမှာ အားလုံးစည်းစည်းလုံးလုံး ရှိနေဖို့က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်အများကြီးမလုပ်ဆောင်နိုင်ပေမယ့် ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်း ဖြစ်လာစေဖို့ ကျွန်တော်တတ်စွမ်းတဲ့ဘက်ကနေ အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတာကိုတော့ ကျွန်တော်အားလုံးကို ကတိပြုပါတယ်။” လို့ လူမှုကွန်ရက်စာမျက်နှာကနေရးသားထားတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း အောင်လအန်ဆန်းက သူ့မှာလည်း သူ့အခက်အခဲနဲ့ သူရှိနေတယ်ဆိုတာကို နားလည်ပေးဖို့ မေတ္တာရပ်ခံထားသလို မြန်မာနိုင်ငံမှာ တရားမျှတမှု အစဉ်အမြဲဖြစ်တည်ပါစေလို့လည်း ဆန္ဒပြုဆုတောင်း ပေးထားပါသေးတယ်။ သိမ့် Credit: