
ဖေဖော်ဝါရီ − ၅ ၊၂၀၂၁ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ သံပုံးတီးဆန္ဒထုတ်ဖော်တဲ့အတွက် မန္တလေးမှာ လူ ၃၀ ခန့်ကို အမှုဖွင့်အရေးယူလိုက်တယ်လို့သတင်းရရှိပါတယ်။ ဒီလို အမှုဖွင့်ခံရတဲ့သူတွေဟာ မန္တလေးခရိုင် အတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက ဖြစ်ကြပါတယ်။ သူတို့ကို ရဲအက်ဥပဒေ ပုဒ်မ ၄၇ နဲ့ အရေးယူထားတာဖြစ်ပြီး အများပြည်သူသွားလာတဲ့ လမ်းပေါ် မှာ ဆူညံအောင်ပြုလုပ်တဲ့အတွက် အရေးယူတာလို့ သတင်းရရှိပါတယ်။ ဒီရဲအက် ၄၇ ဟာ ထောင် ၈ ရက်အထိ ချနိုင်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မနက်အစောပိုင်းက တပ်မတော်က ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာ သိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ ညစဉ် ည၈ နာရီတိုင်း သံပုံတီးတာကို ပြည်သူတွေက ပြုလုပ်ကြတာလည်းဖြစ်ပါတယ်။ ဒီလို သံပုံးတီးလှုပ်ရှားမှု ပြုလုပ်တဲ့အတွက် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းတဲ့ ရုပ်သံဖိုင်အချို့လည်း လူမှုကွန်ရက်မှာပျံနှံလာတာတွေရှိနေပါတယ်။ Credit: