
ပြည်သူတွေနဲ့အတူသရုပ်ဆောင် မျိုးသန္တာထွန်း ပါဝင်နေမှုကို သရုပ်ဆောင် ဥက္ကာမင်းမောင်ကအခုလိုရေးသားထားပါတယ်။ တချို့အနုပညာရှင်တွေလည်းပါဝင်လာကြပြီလို့သိရပါတယ် " " ကျွန်တော်တို့ ချစ်ရတဲ့ အမ အကယ်ဒမီ မျိုးသန္တာထွန်း.. ပြည်သူ့ဘက်ကရပ်တည်ပေးပြီး ခုလို ရဲရဲဝံ့ဝံ့ စစ်အာဏာရှင်တွန်းလှန်ရေးပါဝင်တဲ့ အတွက် ဂုဏ်ယူပါတယ် အမ.. အမလိုပဲ အနုပညာရှင် ကြီးတွေရော အငယ်တွေရော အများကြီး ဆက်လက်ပါဝင်လာပါစေ.. ပါဝင်နေကြတာလဲတွေ့နေရပါတယ်..ပါဝင်သူများအားလုံးကို လေးစားပါတယ်..အနုပညာရှင်ဟာ ပြည်သူတွေရဲ့ ရှေ့ဆောင်လမ်းပြပါ.. နိုင်ငံရေး စိတ်မဝင်စားဘူး ဆိုပြီး တကိုယ်ကောင်းဆန်စွာ ဘယ်သူသေသေ ငတေမာရင်ပြီးရော မနေကြပါနဲ့.. ဒါဟာ နိုင်ငံ့အရေး.. အမျိုးသားရေးပါ..အနုပညာရှင်တိုင်း ပြည်သူတွေရင်ထဲက ပေးတဲ့ နေရာနဲ့ အောင်မြင်မှူ ရလာခဲ့ ကြတာ အခု ပြည်သူတွေငိုကြွေးနေရချိန်မှာ ပြည်သူ့ဘက်က သတ္တိရှိစွာရပ်တည်ပေးကြပါ ...နောက်မျိုးဆက်သစ်တွေအတွက် ရပ်တည်ပေးကြပါ... တိုင်းပြည်တိုးတက်ရေးအတွက် ရပ်တည်ပေးကြပါလို့ ဆန္ဒပြုတောင်းဆိုပါတယ်.."" Credit: