07
Feb

နိုင်ငံတစ်ဝှမ်း ဘုရားစေတီပုထိုးများကို မနက်ဖြန် ဖေဖော်ဝါရီ ၈ရက်နေ့မှစပြီး ဖူးမျှော်ခွင့် ပေးသွားမည် ဖြစ်တဲ့အတွက် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညို တရားအားထုတ်နိုင်ရန်အတွက် တပ်မတော်မှ ယနေ့တွင် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ တန်ခိုးကြီးဘုရားများတွင် သန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြောင်း မြဝတီမှ သတင်းကြေငြာသွားပါသည်။ သို့သော်လည်း လူမှုကွန်ယက်ပေါ်တွင် လတ်တလော ကိုဗစ်ရောဂါအခြေအနေများနှင့် နိုင်ငံရေး မငြိမ်သက်မှုများကြောင့် ဘုရားများသို့ သွားရောက်ဖူးမျှော်ခြင်းများ မပြုလုပ်ကြရန် ဝေဖန်မှုများ ဖြစ်ပေါ်နေပါသည်။ Photos - MWD Credit: