
မန္တလေးခရိုင်အတွင်း ညမထွက်ရနှင့် လူငါးဦးထက် ပိုမစုရန် အမိန့်ထုတ်ပြန် =============================================== မန္တလေး တိုင်းဒေသကြီး မန္တလေးခရိုင်အတွင်း ည ၈ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရနှင့် လူငါးဦး ထက် ပိုမစုရ အမိန့်ကို ဖေဖော်ဝါရီလ ၈ ရက် ညနေပိုင်းက ထုတ်ပြန်လိုက် သည်။ "ညမထွက်ရ အမိန့်ထုတ်ပြန်တာ မှန်ပါတယ်ဗျ၊ ညနာရီကနေ မနက် ၄ နာရီထိပါ၊ တစ်တိုင်းလုံးအနေ နဲ့ သက်ဆိုင်ရာ မြို့နယ်အလိုက် ထုတ်ပြန်ပါလိမ့်မယ်၊ ကျနော့်မြို့နယ်မှာတော့ လိုက်ပြီး ကြေညာပေး နေပါပြီ"ဟု အောင်မြေသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြို့ ဆောင်က ပြောသည်။ အဆိုပါထုတ်ပြန်ချက်တွင် “ယခုအခါ အောင်မြေသာစံမြို့နယ် နယ်နိမိတ်အတွင်း လူအချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်စေရန် စိုးရိမ်ဖွယ်ရာရှိသည့် အပြုအမူများကို ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။ယင်းကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာ ယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် အောင်မြေသာစံမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်း လှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြု မှုခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်သည်။ ထို့အပြင် လူ ငါးဦး (သို့မဟုတ်) ငါးဦးထက်ပိုသောသူ များသည် အောင်မြေသာစံမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ် ၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည ၈ရီအချိန်မှ နံနက်(၄ )နာရီအချိန်အတွင်း ညမထွက်ရန်အမိန့်ကို ထုတ်ဆင့်လိုက်သည်”ဟု ဖော်ပြထား သည်။ မန္တလေးခရိုင်တွင် ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန် အမရပူရ၊ ပုသိမ်ကြီး မြို့နယ်တို့ပါဝင်ကြောင်းလည်း သိရသည်။ နိုင်ထူး Credit: