No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

၉.၂.၂၀၂၁ မနက် (၂) နာရီကနေ (၅) နာရီထိ ကျနော်တို့ မုံရွာမြို့လူငယ်စင်တာကို ဝင်စီးပါတယ်တဲ့။ လူငယ်စင်တာဆိုတာ ကျနော် ဝေမိုးနိုင်က အတွင်းရေးမှူး တာဝန်ယူထားတဲ့ "စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ" က ကြီးကြပ်တဲ့ ရုံးပါ။ ကျနော်တို့ကို ဖမ်းဖို့အတွက် တစ်နေ့ကတည်းက သတင်းတွေရထားပြီးတော့ နေအိမ်တွေကို ဖိအားပေးတာ၊ နေရာသိတယ် လာဖမ်းတော့မယ်ဆိုပြီး ဆိုက်ဝါးထည့်နေတာတွေ လုပ်ထားပြီးသားပါ။ ပထမရက်က ကျနော်နဲ့ ကိုအောင်နေမျိုးကို ဖမ်းမယ် သတင်းလွှင့်တယ်။ ဒုတိယရက်ကျ ကျနော်နဲ့ ခန့်ဝေဖြိုးဓာတ်ပုံကို ခန့်ဝေဖြိုးအိမ်သွားပြပြီး ဘယ်နေရာမှာလဲလို့ မေးတယ်လို့ သိရပါတယ်။ ခုမနက်အစောမှာတော့ လူငယ်စင်တာကို ဝင်စီးပါတယ်။ ကျနော်တို့ သပိတ်မှောက်ကျောင်းသားလူငယ်တွေကို ဝင်ရှာတယ်လို့ ဆိုပါတယ်။ လူငယ်စင်တာမှာ ရုံးအဖွဲ့မှူးနဲ့ Fever Clinic မှာ စေတနာ့ ဝန်ထမ်း တာဝန်ယူနေတဲ့ လူငယ်တွေနဲ့ စုစုပေါင်း (၂) ယောက်ပဲ ရှိနေပါတယ်။ မနက် (၂) နာရီမှာ လက်နက်ကိုင် အယောက် (၂၀) ခန့် (ရဲ၊ စစ်၊ အရပ်သား)က လူငယ်စင်တာ ခြံဝန်းကို ကျော်ဝင်တယ်။ Fever Clinic ဘက်ကနေ ပြီး အဆောက်အဦးဝင်ပေါက်သော့ကို ဖျက်ဝင်ပြီး လူငယ်ရေးရာကော်မတီရုံးခန်းကို ဝင်စီးပါတယ်။ စင်တာမှာရှိနေတဲ့ လူငယ်တွေကို ကျနော်တို့ ဘယ်မှာရှိနေလဲဆိုတာ ‌စစ်မေးပြီး စင်တာက လက်ပ်တော့တွေကို စစ်ဆေးတယ်၊ ဗီရိုတွေကို ဖျက်ဖွင့်ပြီး အကုန်စစ်တယ်လို့ ဆိုပါတယ်။ ပိုက်ဆံအိတ်တွေ ATM ကတ်တွေ ကို အစသိမ်းသွားပေမဲ့ ခုတော့ ပြန်ရပြီဆိုပါတယ်။ ပြန်မရသေးတဲ့ သိမ်းဆည်းပစ္စည်းစာရင်းကတော့ ♦️ Hand Speaker (၄) လုံးခန့် ♦️ ရွေးကောက်ပွဲကာလက ကျနော်တို့ လူငယ်ရေးရာကော်မတီက ဖြန့်ဝေခဲ့ကြတဲ့ voter education ပန်းဖလက်တွေ ♦️ လူငယ်ရေးရာကော်မတီ တံဆိပ်တုံးတွေ ♦️ လူငယ်ရေးရာကော်မတီရဲ့ အသုံးစရိတ်ဘောက်ချာအချို့ အစရှိတာတွေကို သိမ်းဆည်းသွားပါတယ်တဲ့။ ကျနော်တို့တွေ ရှောင်တိမ်းနေတဲ့ နေရာကိုတော့ သူတို့ မသိကြသေးတဲ့အတွက် ခုထိ ကျနော်တို့ အေးအေးဆေးဆေးရှိနေပါသေးတယ်။ ဒီနေ့မနက် (၉) နာရီမှာ မူလကြေညာထားတဲ့အတိုင်းပဲ မုံရွာမြို့တွင်း လှည့်လည်တာကို ဆက်လက် ဆောင်ရွက်ပါမယ်။ ပြည်သူလူထုက တစ်ခဲနက် ပူးပေါင်း ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံ နှိုးဆော်လိုပါတယ်။ ဝေမိုးနိုင် အတွင်းရေးမှူး၊ စစ်ကိုင်းတိုင်းလူငယ်ရေးရာကော်မတီ တ.က.သ ကျောင်းသားဟောင်း Credit: