No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"ဆန္ဒပြပြည်သူများအပေါ် မတရားအင်အားသုံးရန်အမိန့်ပေးဆောင်ရွက်သူအားလုံးကို လူသားမျိုးနွယ်အပေါ်ချိုးဖောက်မှုများအဖြစ်အရေးယူနိုင်ဟု ကုလအထူးကိုယ်စားလှယ်သတိပေး" -ကုလလူ့အခွင့်အရေးကောင်စီ၌ မြန်မာအရေးဆွေးနွေးရန် အထူးအစည်းအဝေးတစ်ရပ်ခေါ်ယူထား ရန်ကုန် - နိုင်ငံတစ်ဝန်းငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများအပေါ်မတရားအင်အားသုံးရန် အမိန့်ပေးသူ၊ ဆောင်ရွက်သူအားလုံးကို လူသားမျိုးနွယ်အပေါ်ချိုးဖောက်မှုများအဖြစ် အရေးယူနိုင်ကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ကုလအထူးကိုယ်စားလှယ် တွန်မ်အန်ဒရူးစ်က သတိပေးသည်။ အထက်ပါ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က “မြန်မာပြည်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအား ဥပဒေနှင့်မညီသော မတရားအင်အားသုံးရန် အမိန့်ပေးခြင်းများကို လိုက်နာခြင်းမပြုရန် လုံခြုံရေးအဖွဲ့ဝင် များတွင် တာဝန်ရှိသည်။ အမိန့် ပေး၊ ဆောင်ရွက်သူ စဆုံး လူသားမျိုးနွယ်အပေါ် ချိုးဖောက်မှုများအား အရေးယူခြင်းပြုနိုင်သည်။ အမိန့်နာခံခြင်းဟုကာကွယ်၍မရ”ဟု ၎င်း၏တွစ်တာစာမျက်နှာတွင် ယနေ့ ရေးသားထားသည်။ ထို့အပြင် လာမည့်ဖေဖော်ဝါရီ ၁၂ ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ လက်ရှိအကျပ်အတည်းသက်ရောက်မှုများကို ဆွေးနွေးရန် အထူးအစည်းအဝေး တစ်ရပ်ခေါ်ယူထားသည်။ အဆိုပါအရေးပေါ်အထူးအစည်းအဝေးကို ဗြိတိန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအပါအဝင် အဖွဲ့ဝင် ၄၅ နိုင်ငံက၏ထောက်ခံမှုဖြင့် ကျင်းပရန်ခေါ်ယူထားခြင်းဖြစ်သည်။ (နေပြည်တော်တွင် ဆန္ဒပြပြည်သူများကို ရဲတပ်ဖွဲ့ကရေပိုက်ဖြင့်ထိုး၍ လူစုခွဲနေစဉ် ဓာတ်ပုံ - အီးပီအေ) Credit: