No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လူထုသပိတ်နဲ့ ပူးပေါင်းသွားမယ်လို့ ကယားပါတီ (KySDP )ကအနိုင်ရကိုယ်စားလှယ်တွေနဲ့ NLD ကိုယ်စားလှယ်တွေ ပူးတွဲထုတ်ပြန် လက်ရှိအစိုးရအဖွဲ့ကို ဖယ်ရှားပြီး တပ်မတော်က အာဏာသိမ်းယူပြီးတဲ့နောက် မြန်မာနိုင်ငံအဝှမ်း လူထု သပိတ်တွေ အရှိန်အဟုန်နဲ့ဆင်နွှဲလာချိန် ကယားပြည်နယ်မှာလည်း လူထုဆန္ဒပြမှုတွေအားကောင်း လာတဲ့ အတွက် ဒေသခံတွေအကြား ကွဲပြားမှုမရှိစေဖို့ ပါတီ ၂ခုက အနိုင်ရကိုယ်စားလှယ်တွေ ပူးပေါင်းပြီး ထုတ်ပြန်ချက်ထုတ်လိုက်တာဖြစ်တယ်လို့ KySDP ပါတီက အနိုင်ရကိုယ်စားလှယ်ဦးသဲရယ်က ဘီဘီစီ ကိုပြောပါတယ်။ ' ' ပါတီချင်းပူးပေါင်းတာတော့မဟုတ်ဘူး။ အဓိက အခုလမ်းပေါ်ထွက်နေတဲ့ လူထုသပိတ်ကို တစ်သံတည်း ထွက်စေဖို့ အနိုင်ရကိုယ်စားလှယ်တွေ ပူးပေါင်းလိုက်တဲ့သဘောပါ။''လို့ ဦးသဲရယ်က ဘီဘီစီကိုပြော ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအပြီး NLD ပါတီဘက်က တိုင်းရင်းသားတွေနဲ့ပူးပေါင်းဖို့ ကိုယ်စားလှယ်အဖွဲ့တွေရဲ့ ကမ်းလှမ်းမှုကို မွန်ပြည်နယ်က မွန်ညီညွတ်ရေးပါတီနဲ့ ကယားပြည်နယ်က KySDP ပါတီတို့ကနေရာညှိနှိုင်း မရတဲ့အတွက် တွေ့ဆုံပွဲပျက်သွားခဲ့တာပါ။ လက်ရှိ အာဏာသိမ်းစစ်အစိုးရက မွန်ပါတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာကမ်းလှမ်းတာကို လက်ခံခဲ့ပေမယ့် KySDPကတော့ တပ်မတော်ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တဲ့ပါတီဝင်ကို ပါတီဝင်အဖြစ်က နှုတ်ထွက်စေခဲ့ပါတယ်။ ပုံစာ- ရန်ကုန်မြို့က ဆန္ဒပြလူထု #ဘီဘီစီမြန်မာပိုင်း Credit: