No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စစ်အာဏာရှင် စနစ် လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ လက်ရွေးစင် ဘောလုံးကစားသမားများ ***************************** မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားများ နှင့် ရန်ကုန်မြို့ အပျော်တမ်း ဘောလုံး ဝါသနာရှင်များ အဖွဲ့တို့ စုပေါင်းပြီး ဒီကနေ့၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ တပ်မတော် အာဏာသိမ်းမှု ဆန့်ကျင် လူထု ဆန္ဒပြပွဲ (၇) ရက်မြောက်နေ့တွင် ပြည်သူတွေ နဲ့အတူ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အာဏာသိမ်းမှုကို ရုံးမတက်ပဲ ရုန်းထွက် ဆန့်ကျင်ကြရေး၊ စစ်အာဏာရှင် စနစ်ကို လက်မခံကြောင်း၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး နှင့် ဒီမိုကရေစီ နည်းအရ တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။ Myanmar Celebrity TV #MyanmarNationalFootballPlayer #MgMgLwin #KyawMinOo #KyawZinHtet #SaveMyanmar #MyanmarCDM Credit: