
မူဆယ်(၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးသည် မြန်မာနိုင်ငံ၏ အဓိက သွင်းကုန်/ထုတ်ကုန်အများစုဖြင့် ကုန် သွယ်မှုလုပ်ဆောင်နေပြီး လက်ရှိနိုင်ငံရေးအခြေအနေအရ ဆန္ဒထုတ်ဖော်မှုများကြောင့် ကုန်သွယ်မှုလုပ်ငန်းများ ရပ်တန့်သလောက်ရှိနေသော်လည်း မြန်မာ့ပို့ကုန်များဖြစ်သည့် ဖရဲ သခွား သရက် နှင့် ငါး၊ ကဏန်း၊ ငါးရှဉ့် စသည့် ပုပ်ကုန်များမှာ Export လုပ်ငန်းများဆက်လက်လုပ်ဆောင်နေဆဲဟုသိရသည်။ “ဖရဲသခွားတွေက ပုပ်ကုန်မို့လို့ Agent တွေနဲ့ ကုန်သွယ်ရေးလုပ်နေတယ်။ အရေးခင်းကာလဆိုတော့ သစ်သီး ကားတွေ အဝင်နည်းပြီး တစ်ဖက်ဝယ်လက်ကလည်း အဝယ်ရှိနေတော့ ဈေးကောင်းရတဲ့ အနေအထားပါ။ ဒါပေမယ့် ပုံမှန်မပြောနိုင်ဘူး။ အဝင်များရင် ဈေးက ထိုးကျသွားတာရှိတယ်။ ခုတော့ သစ်သီးကား ၁၀၀ လောက် အဝင်ရှိတယ်”ဟု မူဆယ်(၁၀၅မိုင်)ရှိ မိန်းမိန်းသစ်သီးပွဲရုံမှ ဦးထွန်းက ပြောသည်။ Credit: