No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပြည်မြို့ ရွှေဆံတော်ဘုရားကြီးရဲ့ ဝေယျာဝစ္စအသင်းသားတွေ ဆန္ဒထုတ်ဖော် စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေမှု ၈ ရက်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ ပြည်မြို့ ရွှေဆံတော်ဘုရားကြီးရဲ့ ဝေယျာဝစ္စအသင်းသားတွေကလည်း လမ်းမပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ပြည်မြို့ ရွှေဆံတော်ဘုရားကြီးရဲ့ ဝေယျာဝစ္စအသင်းသားတွေက အစိုးရဝန်ထမ်းတွေအားလုံး CDM လှုပ်ရှားမှုမှာပါဝင်ပေးဖို့ အဓိကတောင်းဆိုခဲ့ကြပါတယ်။ ဒါကြောင့် " ရုံးမတက်နဲ့ဝန်ထမ်းတွေ အိမ်မှာနေပါဇိမ်နဲ့နေကြ ၊အလုပ်မသွားနဲ့ဝန်ထမ်းတွေ ပြည်သူတွေက ကျွေးထားမှာဗျ၊အာဏာရှင်ကိုဖြုတ်ဖို့ရာ ဝန်ထမ်းတွေကအဓိကပါပဲ၊ အရေးတော်ပုံကြီးအောင်ဖို့အရေး ဝန်ထမ်းအားလုံးပါဝင်ပေး" ဆိုတဲ့ အချက်အပါအဝင် စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ပြီး ပြည်မြိ့တွင်းကို လမ်းလျှောက်ချီတက် လှည့်လည် ဆန္ဒပြ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဓာတ်ပုံ - ချစ်ခွန်းချို Credit: