
ပုဒ်မ ၁၈၈ဖြင့် အရေးယူခံခဲ့ရသော အမျိုးသားများအနက် လေးဦးသည် ကောလာဟလသတင်းကြောင့် လမ်းပေါ်ထွက်ကြည့်ရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။ "တစ်ယောက်က သံပုံးတီးပြေးထွက်လာတာ၊ သုံးယောက်ကလည်း ကောလာဟလသတင်းကြောင့် လမ်းပေါ်ထွက်လာကြတာ"ဟု ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ပျဉ်းမနားမြို့တွင် မီးကွင်းပစ်မည်၊ လူအုပ်စုများ လာရောက် ဖျက်ဆီးလိမ့်မည်ဟူသော ကောလဟလသတင်းကြောင့် ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းက ပြည်သူများအကြား လှုပ်လှုပ်ရှားရှားဖြစ်ပွားခဲ့သည်။ Credit: