No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဆန္ဒပြခေါင်းဆောင်များအား တော်ဝင်မိသားစုကို စော်ကားမှုတားဆီးထားသည့် ဥပဒေဖြင့် တရားစွဲဆိုခဲ့သည်။ အပြစ်ရှိကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရမည်ဖြစ်သည်။ တော်ဝင်မိသားစုကို စော်ကားမှုပိတ်ပင်ထားသည့် ဥပဒေပုဒ်မ ၁၁၂ ကို ဖျက်သိမ်းပေးရန် ယနေ့ချီတက်ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် ပါနူပွန် မိုက်ခ် ဂျတ်နော့ခ်ကပြောဆိုခဲ့သည်။ ဒီမိုကရေစီအထိမ်းအမှတ်ရုပ်တုအနီးတွင် ၁၁၂ ဟုရေးသားထားသည့် ပန်းအိုးများကို ချထားခဲ့ပြီးနောက် လှုပ်ရှားသူများသည် ရုပ်တုပေါ်သို့တက်ကာ အနီရောင်အဝတ်ကြီးကို လွှမ်းခြုံခဲ့သည်။ မိတ်ဆွေများကို ခုနစ်ရက်အတွင်း မလွှတ်ပေးပါက ယခုနေရာတွင် ဆန္ဒပြမှုကြီးများကို ပြုလုပ်မည်ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် အတ္တပွန် ဘူယာပတ်ကပြောဆိုခဲ့သည်။ Credit: