
ဒီနေ့မနက် ရန်ကုန်မြို့မှာ ဘဏ်အများစုပိတ်ထားပြီး ဝန်ထမ်းများအလုပ်မဆင်း ဘဏ်ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာပြီး အလုပ်မဆင်းတဲ့အတွက် ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ကဘဏ်အများစုဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပိတ်ထားတာကိုမြင်တွေ့ရပါတယ်။ . ပုဂ္ဂလိကဘဏ်ခွဲတွေအားလုံးနီးပါးပိတ်ထားသလို အစိုးရဘဏ်တွေမှာလည်း လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေသာရှိနေပြီး ဘဏ်လုပ်ငန်းတွေဆောင်ရွက်ခြင်းမရှိတာကိုတွေ့ရပါတယ်။ . အစိုးရဘဏ်ခွဲတွေရှေ့မှာတော့ ဘဏ်ဝန်ထမ်းတွေကို အလုပ်မဆင်းဘဲ CDM လုပ်ဖို့အတွက် ဆန္ဒပြတောင်းဆိုသူတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဓာတ်ပုံ- ဝင်းလွင် ref;=duwun #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife Credit: