
ရန်ကုန် ၊ ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ် ရှေ့ ကို တပ်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့ မွန်းလွဲပိုင်းမှာ ပိတ်ဆို့ထားလိုက်ပါတယ်။ ရုံးချုပ်ထဲမှာတော့ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးဘမျိုးသိန်း ၊ ဒေါ်ခင်စန်းလှိုင်တို့အပါအဝင် ၁၆ ဦးပိတ်မိနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ညပိုင်းမှာ ဒီချုပ် ရုံးချုပ်ကို တပ်က ဝင်ရောက်ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ပါတီရုံးချုပ် အနီးကို ဆန္ဒပြသူတွေပါရောက်လာတာတွေ့ရပါတယ်။ The headquarters of the National League for Democracy (NLD) Party in Yangon is being surrounded by the military and police. The West Shwegondaing Road on which the NLD headquarters is situated is blocked by the police. Sixteen elected MPs including U Ba Myo Thein and Daw Khin San Hlaing are being trapped inside the NLD headquarters. A few days ago, military also raided and searched the NLD headquarters. Currently, protesters can also be seen near the NLD headquarters. Credit: