
မန္တလေးမှာ ဆန္ဒပြလူစုကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွဲရုံမက ဘေးပတ်ဝန်းကျင်ကနေအိမ်တွေကိုပါ ခြိမ်းခြောက်မှုတွေပြုလုပ် --------------------------- မန္တလေး၊ ၈၂လမ်း၊ ၂၆×၂၇အကြားစီးပွားရေးဘဏ်ရှေ့မှာ လူအင်အားထောင်ချီတဲ့ ဆန္ဒပြလူအုပ်စုကို ရဲတပ်ဖွဲ့ကပစ်ခတ်နှိမ်နင်းပြီးလူစုခွဲခဲ့သလို ဘေးပတ်ဝန်းကျင်နေအိမ်တွေကိုလည်း သေနတ်နဲ့ချိန်ကာ ခြိမ်းခြောက်ပြောဆိုမှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ ပစ်ခတ်ခဲ့တဲ့သေနတ်ကျည်အမျိုးအစားကိုတော့ မသိရသေးဘဲ ဆန္ဒပြခေါင်းဆောင်တစ်ဦးသေနတ်ထိမှန်ခဲ့တဲ့အတွက် ပရဟိတအသင်းတစ်ခုက ဆေးရုံကိုပို့ဆောင်ပေးနေတယ်လို့ သတင်းရယူနေတဲ့ Duwun သတင်းထောက်ရဲ့သတင်းပေးပို့မှုအရသိရပါတယ်။ ပစ်ခတ်နှိမ်နင်းရာမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့ရုံသာမက လေးဂွလိုလက်နက်မျိုးတွေနဲ့ပါ ပစ်ခတ်နှိမ်နင်းခဲ့တာကို မြင်တွေ့ခဲ့ရတယ်လို့ ဆန္ဒပြပြည်သူတွေကပြောပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာတော့ ဆန္ဒပြအင်အားလျော့နည်းသွားပြီး လက်ရှိအချိန်မှာ လူအင်အား ၃၀၀ခန့်ဆက်လက်ဆန္ဒပြနေတယ်လို့သိရပါတယ်။ ဓာတ်ပုံ- မင်းနန္ဒ(မန္တလေး) Credit: